မုဒိမ်းမှုကျူးလွန်ခံထားရတဲ့ သမီးလေးဖြစ်ပါတယ်။

ရွှေပေါက်ကံမှာ မုဒိမ်းမှု ကျူးလွန်ခံလိုက်ရတဲ့ သမီးလေးတို့ မိသားစုကို အေသင်ချိုဆွေက ကိုယ်တိုင် သွားရောက်တွေ့ဆုံချင်တယ်လို့ ဆိုပါတယ်။ သက်ငယ်မုဒိမ်းကျူးလွန်သူတွေကိုလည်း လူလယ်ခေါင်မှာ သေဒဏ်ပေးသင့်တယ်လို့ ပြောပါတယ်။

Photo: A Thin Cho Swe

အဆိုတော် အေသင်ချိုဆွေဟာ ရွှေပေါက်ကံမှာ မုဒိမ်းမှုကျူးလွန်ခံလိုက်တဲ့ သမီးလေးရဲ့မိသားစုကို ကူညီချင်တယ်လို့ ဆိုပါတယ်။ ဒီသမီးလေးအတွက်ကိုလည်း သူကိုယ်တိုင် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပါတယ်။

‘’ရွှေပေါက်ကံကသမီးလေးရဲ့ မိသားစုကိုကိုယ်တိုင်သွားပြီး လှူဒါန်းချင်ပါတယ်။ အမသန္တာမျိုးကိုလည်း ဆက်သွယ်မရလို့ သိရင်ပြောပေးကြပါဦး။ ဒါက ရွှေပေါက္ကံက ကလေးလေး အဖြစ်ပါ။ ဘယ်လိုရင်တွေကွဲရလည်း မသန္တာမျိုး post တွေဖတ်တိုင်း မျက်ရည်ကိုမဆည်နိုင်ဘူး’’ ဆိုပြီးတော့ ဇူလိုင်လ ၁ရက်နေ့ ညနေ ၅ နာရီကျော်က အေသင်ချိုဆွေရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားတာ တွေ့ရပါတယ်။


Photo: A Thin Cho Swe

အေသင်ချိုတွေက သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်မျိုး ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။

 ‘’အဲဒီလိုလူမဆန်တဲ့ မှုခင်းတွေကို တကယ် TV ရုပ်သံရဲ့ သတင်းအစီအစဉ်မှာကို အကျယ်တဝံ့ဖော်ပြပြီး တစ်နိုင်ငံလုံးက ဝိုင်းမုန်းအောင် ရွံအောင် ကျူးလွန်သူကို သောက်ရှက်ခွဲရမယ်။ သက်ငယ်မုဒိမ်းမှု ဆိုရင် သေဒဏ်ပေးပါ၊ သေဒဏ်ပေးရင် တကယ့် public area မှာကို သတ်ပြရမယ် ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာကို သိအောင်မြင်အောင် လုပ်ကိုလုပ်ပြရမယ်’’ ဆိုပြီးတော့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

Photo: A Thin Cho Swe

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။

Photo: A Thin Cho Swe

အနုပညာလောကထဲကို ၂၀၁၈ ခုနှစ်မှစပြီး ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သူမရဲ့ သီချင်းအသစ်တွေကိုလည်း မကြာခဏဆိုသလို အွန်လိုင်းပေါ်ကနေ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က