လိုအပ်တာတွေကိုလည်း လှူဒါန်းပေးခဲ့ပါတယ်တဲ့။

လင်းလင်းက ရွှေပေါက်ကံမှာ မုဒိမ်းမှု ကျူးလွန်ခံရတဲ့ သမီးလေးနဲ့ မိသားစုဝင်တွေကို စားဝတ်နေရေး အဆင်ပြေစေဖို့ လှူဒါန်းငွေတချို့နဲ့ သမီးလေးအတွက် အရုပ်တွေ လှူခဲ့တယ်လို့သိရပါတယ်။

Photo: Lin Lin



အဆိုတော် လင်းလင်းက ရွှေပေါက်ကံမှာ မုဒိမ်းမှု ကျူးလွန်ခံရတဲ့ သမီးလေးကို သွားရောက်အားပေးစကားဆိုခဲ့တယ်လို့ သိရပါတယ်။ သမီးလေးရဲ့ မိသားစုတွေ အတွက်ကိုလည်း လိုအပ်တဲ့ ငွေကြေးတွေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်တဲ့။

‘’သိက္ခာ သမာဓိပြည့်စုံတဲ့ ဦးဇင်းတစ်ပါးနဲ့ ညီအစ်ကိုလိုရင်းနှီးချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကူညီမှုကြောင့် ရွှေပေါက်ကံက ကလေးလေးရဲ့ မိသားစုနဲ့တွေ့ဆုံခဲ့ပြီးပါပြီ။ ကလေးလေးအတွက် လက်ဆောင်တချို့နဲ့ လက်တလောအဆင်ပြေရေး သုံးဖို့အလှူငွေ ကူရင်းနဲ့ပါ။ အဓိက,ကတော့ ကလေးလေးရဲ့ အနာဂတ်အတွက် နေရာထိုင်ခင်း အလုပ်အကိုင် ပတ်ဝန်းကျင်အားလုံး အသစ်ကပြန်စရေးအတွက် ဖခင်မိခင်နဲ့ ဆွေးနွေးတိုင်ပင်ပါတယ်။ ကျွန်တော်တို့မိသားစုမှ လိုအပ်တာများကို ပြင်ဆင်ထောက်ပံ့ဝန်းရံပေးသွားမှာပါ။လက်ရှိမှာလဲ ပြည်သူများရဲ့ဝန်းရံပံ့ပိုးမှုကြောင့် လက်တလော အဆင်ပြေမှုတွေ တွေ့ရလို့ဝမ်းသာမိပါတယ်။ ပြည်သူ့ခေါင်းဆောင်စစ်စစ် လူထုခေါင်းဆောင်ရဲ့ အရိပ်အောက်မှာ အားလုံးကျန်းမာကြပါစေ’’ ဆိုပြီးတော့ ဇူလိုင်လ ၁၂ ရက်နေ့ နေ့လယ် ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Lin Lin

လက်ရှိမှာလည်း လင်းလင်းဟာ နေပြည်တော်က သမီးလေး ဗစ်တိုးရီးယားရဲ့ အမှုကိစ္စ မှန်မှန်ကန်ကန်ဖြစ်ဖို့အတွက် ပါဝင်ကူညီဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒီအမှုကိုလည်း သူ့ဘက်က တတ်နိုင်တဲ့ အရာတွေနဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

‘’နေ့လယ်ကတည်းက နေပြည်တော်ကိုရောက်ပါတယ်။ သေချာတာကိုပြောရမယ်ဆိုရင် ဗစ်တိုးရီးယားလေးရဲ့အမှုကို ကိုသက္က၊ သမီးလေးရဲ့ မေမေဖေဖေ၊ ကိုယ့်တာဝန်ကိုထမ်း တာဝန်သိမိတ်ဆွေအချို့နှင့် ကျွန်တော်အပြင် မွန်မြတ်တဲ့နှလုံးသားတစ်စုံ အရင်းခံပြီးပါဝင်ကြမယ့် ရှေ့နေ ကိုမျိုးဇော်ဦး၊ မရွက်နုတို့နဲ့အတူ တက်နိုင်တဲ့အား, နိုင်တဲ့ဝန်နဲ့ ပြီးဆုံးတဲ့အထိ လုပ်စရာရှိတာများကို တရားနည်းလမ်း ဥပဒေဘောင်အတွင်းမှ အတက်နိုင်ဆုံး ရွက်လွှင့်ကြပါမယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၄ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Lin Lin

သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး တတ်နိုင်တဲ့ဘက်က ဆောင်ရွက်ပေးနေတဲ့အပေါ်မှာလည်း သူ့အပေါ်ချီးကျူးစကားပြောဆိုတာထက် ပါဝင်ကူညီကြသူတွေကို ပိုပြီးတော့ ချီးကျူးစေချင်တယ်လို့ သူကပြောပါတယ်။

‘’ဒီအတွက်လည်း ကျွန်တော့်ကို မချီးကျူးပါနဲ့။ ကျွန်တော့်ကိုချီးကျူးထောပနာပြုတာထပ် ဒီအမှု အစ,ကနေ ယခုထိ နည်းမျိုးစုံနဲ့ စေတနာသန့်သန့်ပါဝင်ရပ်တည်ကြတဲ့ တ်ဆွေမိသားစုများကိုသာ ချီးကျူးစေချင်ပါတယ်။ ဒီအမှုကို ကိုယ်ထူကိုယ်ထ ဒီလိုပါဝင်ရတာဟာ ဘယ်သူ့ကိုမှ အမုန်းတရားနဲ့ကြောင့်မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ငြိုးတေးမှုမရှိပါဘူး။ ဘယ်သူ့ကိုမှ အရှက်ခွဲလိုခြင်းမဟုတ်ပါဘူး။ ပါဝင်ရတဲ့အကြောင်းရင်းကတော့ တရားခံအစစ်မတွေ့ဘူး (သို့) တရားခံအစစ်မဟုတ်ဘူး (သို့) တရားခံအစစ်မပေါ်ဘူး ဆိုရင်,ပြည်သူတစ်ရပ်လုံးကို တရားဥပဒေက မုဒိန်းကျင့်တယ် ထင်လို့ပါ။ယခုမှစပြီး အများသိသင့်တယ်ဟု ထင်သောအရာများကိုသာ တင်ပါမည်။ အစွန်းများကိုဆင်ခြင်ရေးပါမည်။ အတက်နိုင်ဆုံးဒေါသကို ဖယ်ရေးပါမည်’’ လို့လည်း ရေးသားခဲ့ဖူးပါတယ်။

Photo: A Lin Young

လင်းလင်းဟာ ဇနီးဖြစ်သူ ချစ်သုဝေနဲ့အတး သမီးလေးတွေရဲ့ နာမည်နဲ့ “ခေတ်သစ်”ဖောင်ဒေးရှင်းဆိုတာကို တည်ထောင်ထားပြီး မွေးရာပါ နှလုံးရောဂါရှင် ကလေးတွေအတွက်ကိုလည်း ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က