နာရေးကူညီမှုအသင်းနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။

ပြည်သူချစ် မင်းသမီးချောလေး အိချောပို နဲ့ ထားထက်ထက် တို့ဟာ ကျိုက်မရောမြို့မှာရှိတဲ့ ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ အဝတ်အထည်တွေကို နာရေးကူညီမှုအသင်းနဲ့ ပူးပေါင်းကာ ကိုယ်တိုင်သွားရောက်လှူဒါန်းနေတာ တွေ့ရပါတယ်။

Photo: Kyaw Thu



ရေဘေးသင့်ဒေသတွေအတွက် သရုပ်ဆောင် အိချောပို၊ ထားထက်ထက်နဲ့ လူကြမ်းသရုပ်ဆော င်တွေဟာ နာရေးကူညီမှုအသင်းနဲ့ ပူးပေါင်းပြီး အလှူအတန်းတွေလုပ်နေတာကို တွေ့ရပါတယ်။ ရေဘေးသင့် ပြည်သူတွေဆီကိုလည်း ကိုယ်တိုင် ကိုယ်ကျ သွားရောက်လှူဒါန်းနေကြတာ ဖြစ်ပါတယ်။

‘’ရေဘေးသင့်ဒေသရောက် နာကူ(ရန်ကုန်)၊ ရေဘေးသင့် ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသရှိ ကွမ်းငန်းကျေးရွာ အိမ်ခြေ၄၂၀၊ လူဦးရေ (၁၆၀၀) နှင့် ကော့သွန်းကျေးရွာ အိမ်ခြေ ၆၂၀၊လူဦးရေ(၁၃၅၀)အတွက် လှူဖွယ်ပစ္စည်းများအား အနုပညာရှင်များဖြစ်သည့် အိချောပို၊ထားထက်ထက်၊လူကြမ်းသရုပ်ဆောင်မျိုးကြည် နှင့်အဖွဲ့တို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အမာခံပရဟိတသမားများဖြင့်ပူးပေါင်းကာ လှူဒါန်းလျက်ရှိပါကြောင်း သတင်းရရှိပါသည်’’ ဆိုပြီးတော့ သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီက ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတာဖြစ်ပါတယ်။

Photo: Kyaw Thu

ပညသရုပ်ဆောင် အိချောပိုကတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အနုပညာလောကမှာ ပြည်သူချစ် မင်းသမီးချောလေး တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူမဟာ ရရှိလာတဲ့ အနုပညာကြေးတွေကိုလည်း အလှူအတန်းတွေ မကြာခဏ လုပ်တာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ကျိုက်မရောမြို့က ရေဘေးသင့် ဒေသတွေမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းနေတာ ဖြစ်ပါတယ်။

Photo: Kyaw Thu

မင်းသမီးချောလေး ထားထက်ထက်ကိုတော့ အလှမယ် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာတာပါ။ သူမဟာ နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ အဖွဲ့ဝင် ပရဟိတမင်းသမီးလေးတစ်ယောက်လည်းဖြစ်ပါတယ်။ အဲဒီနောက် Miss Myanmar Charity Group ဆိုတဲ့ အလှမယ်တွေဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့မှာလည်း ပါဝင်ကူညီဆောင်ရွက်နေသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အခုဆိုရင်တော့ ကျိုက်မရောမြို့က ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေကို ကိုယ်တိုင်ကိုယ်ကျ လိုအပ်တဲ့ပစ္စည်းတွေ ပေးလှူခဲ့တာ တွေ့ရပါတယ်။

Photo: Kyaw Thu

လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မော်လမြိုင်၊ မုဒုံ၊ ရေး၊ မုတ္တမ၊ ပေါင်၊ သံဖြူဇရပ်၊ ဘားအံ စတဲ့မြို့တွေမှာ ရေဘေးသင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့ရေး ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ လိုအပ်လျှက်ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် လူမှုကွန်ယက်စာမျက်နှာကို အသုံးပြုနေကြတဲ့ အနုပညာရှင်တွေနဲ့ ပြည်သူလူထုကလည်း ဝိုင်းဝန်းကူညီ လှူဒါန်းဖို့အတွက် တိုက်တွန်းနှိုးဆော်နေကြပါတယ်။

Share

Loading Next Article...
က္က