မကွေးတိုင်း ဒေသကြီးအတွင်းက ကျေးရွာတွေမှာ လှူခဲ့တာဖြစ်ပါတယ်။
Sabal Thwin

ဦးကျော်သူ ဦးဆောင်တဲ့ " ကျော်သူ ပရဟိတကွန်ယက်" ဟာ ရေရှားပါးမှုဖြစ်ပေါ်နေတဲ့ နေရာဒေသတွေမှာ ရေအလှူပြုခဲ့တာ တွေ့ရပါတယ်။ 

Photo: Kyaw Thu

ကျော်သူ ပရဟိတကွန်ယက် အနေနဲ့ မကွေးတိုင်းဒေသကြီးအတွင်းက ရေရှားပါးနေတဲ့ ဖန်ခါးပင်ကျေးရွာနဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာများကို ရေ ကုသိုလ်ပြုခဲ့တယ်လို့ သိရပါတယ်။ 

" ကျော်သူပရဟိတကွန်ယက်" နှင့် " ကျော်သူပရဟိတသာသနာပြုအဖွဲ့" တို့မှရေရှားပါပြတ်လပ်လျှက်ရှိသောပဲခူးတိုင်းဒေသကြီးအဆုံးရှိဖန်ခါးပင်ကျေးရွာ၊ မကွေးတိုင်းဒေသကြီးအစ သောင်ကပြင်ကျေးရွာများ သို့ ယနေ့နံနက်ခင်းတွင် ကမ္ဘောဇဘဏ် ဥက္ကဌကြီးဦးအောင်ကိုဝင်း၏ ကမ္ဘောဇ အနာဂါတ် အလင်းတန်းမြန်မာဖေါင်ဒေးရှင်းအဖွဲ့မှ လှူဒါန်းထားသော ရေသယ်ယာဉ်ကြီးဖြင့်သောက်သုံးရေများသွားရောက်လှူဒါန်းခဲ့ကြပါသည်" ဆိုပြီးတော့ မေလ (၁၃) ရက်နေ့ ညနေ ၃ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Kyaw Thu

ရေအလှူမှာ ပါဝင်ကူညီပေးခဲ့ကြသူတွေကိုလည်း ဦးကျော်သူက ကျေးဇူးတင်စကားဆိုထားပါတယ်။ ရေလှူခဲ့ရတဲ့ အကျိုးကြောင့် ပီတိဖြစ်ရတယ်လို့လည်း သူကပြောပါတယ်။ 

" ရေသယ်ယာဉ်အတွက်ဒီဇယ်ဆီလှူဒါန်းပေးပြီးကိုယ်တိုင်လိုက်ပါကူညီပေးကြသော နဝဒေးတံတားရဲကင်းမှ ရဲဘော်များအားလည်း အထူးကျေးဇူးတင်ရှိကာ သာဓုသာဓုသာဓုခေါ်ဆိုလိုက်ပါသည်။ ပူပြင်းလှသည့်နွေရာသီတွင် ရေပြတ်လတ်နေသော မိဘပြည်သူသားသမီးငယ်လေးများ ရေရရှိ၍ပျော်ရွှင်ဖွယ်မျက်နှာလေးများကား ကျွန်တော်တို့အဖို့ မည်သည့်အရာနှင့်မျှမလဲနိုင်သော ပီတိ ကိုရရှိစေခဲ့ပါသည်" လို့ ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Kyaw Thu

ကျော်သူဟာ COVID-19 ကာလမှာ ရေအခက်အခဲ၊ စားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်နေတဲ့ နေရာဒေသတွေကိုလည်း သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်း အဖွဲ့သားတွေဟာ မေလ (၁၂) ရက်နေ့က မြောက်ဒဂုံမြို့နယ်ရှိ (၄၈)ရပ်ကွက်၊ ရှင်တရာလမ်းမှာရှိတဲ့ အိမ်ထောင်စု(၂၀၀) အတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါကလည်း မီးသတ်အဖွဲ့တွေနဲ့ အတူ နာကူ(မီးသတ်အဖွဲ့) တို့ကလည်း ရေသယ်ယာဉ် တစ်စီးဖြင့် သွားရောက်ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။ 

Photo: Kyaw Thu

ကျော်သူဟာ ၂၀၀၇ခုနှစ်နောက်ပိုင်းမှာ အနုပညာအလုပ်တွေရပ်နားခဲ့ပြီး နာရေးကူညီမှုအသင်း နဲ့ အတူ နောက်ထပ် ပရဟိတ လုပ်ငန်းများစွာကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။ အခုချိန်မှာတော့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပြီဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်ကစလို့ "ချစ်ကြိုးလေးနှစ်မျှင်" ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ၁၉၉၄ခုနှစ်မှာတော့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာကို ''အမေ့နို့ဖိုး'' ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က