ဆုတွေ အများကြီးပေးခဲ့ပါတယ်။

အဆိုတော် ဟေမာနေဝင်းကိုတော့ ဖြိုးပြည့်စုံနဲ့ အောင်ထက် တို့က သွားရောက်ကန်တော့ ခဲ့တာတွေ့ရပါတယ်။ ဟေမာနေဝင်းရဲ့ သီချင်းတွေက လက်ရှိမှာလည်း အောင်မြင်နေတုန်းပါပဲ။

Photo: Thant Xaw Aung

အဆိုတော် ဖြိုးပြည့်စုံနဲ့ အဆိုတော် အောင်ထက်တို့ ဂီတညီအစ်ကို နှစ်ဦးဟာ ဝါရင့်အဆိုတော် တစ်ဦးလည်းဖြစ်တဲ့ ဟေမာနေဝင်းကို သွားရောက် ဂါရဝ ပြုခဲ့ကြတယ်လို့ သိရပါတယ်။



‘’ကျွန်မ အိမ်ကိုလာပြီးကန်တော့ကြတယ်။ ကို ဖြိုးပြည့်စုံ နဲ့ ကိုအောင်ထက် Australia ကို သွားကြတော့ တစ်ယောက်နဲ့တစ်ယောက်မောင်နှမ သဖွယ် ကူညီ ဖေးမ လာခဲ့ကြတဲ့ သံယောဇဉ် တွေနဲ့ အရင်ကထက် ပိုရင်းနှီး သွားကြတယ်။ ကျွန်မ ဘာဆုတွေ ပေးရမလဲမသိဘူး။ ပေးနေကျဆုတွေထက်သူတို့အတွက် ပိုပြီးပြည့်စုံတဲ့ဆုတွေ ပေးလိုက်ချင်တာ။ ကျွန်မစိတ်ထဲကနေဘဲ သူတို့ကို ပေးလိုက်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက ဟေမာနေဝင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Thant Xaw Aung

အဆိုတော် ဟေမာနေဝင်းရဲ့ ဂီတသက်တမ်းကတော့ နှစ်ပေါင်း တော်တော်ကြာနေပြီဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးဆက်က ဆင်းသက်လာသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။ ဟေမာနေဝင်းရဲ့ ဖခင်ကတော့ ရုပ်ရှင်အဖြူအမဲခေတ်မှာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ သရုပ်ဆောင် အဆိုတော်ကြီး ကောလိပ်ဂျင် နေဝင်းဖြစ်ပါတယ်။ သူမရဲ့ အစ်ကိုကတော့ ပရိသတ်သိပြီးသား သရုပ်ဆောင် ရာဇာနေဝင်းဖြစ်ပါတယ်။ နောက်ထပ် အနုပညာ ညီမ ဝမ်းကွဲကတော့ သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင် ဖြစ်ပါတယ်။

အဆိုတော် ဖြိုးပြည့်စုံကိုတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ခြေဆန့်ခဲ့သူတစ်ယောက်ပါ။ သူဟာ အဆိုတော် တစ်ယောက်အဖြစ်သာမက ဆရာဝန်ဘွဲ့ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo: Thant Xaw Aung

အောင်ထက်က လတ်တလော ဖျော်ဖြေပွဲတွေ သွားဖြစ်နေတယ်လို့သိရပါတယ်။သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေကိုလည်း လုပ်နေတဲ့သူက နှစ် Album လေးအတွက် MTV စရိုက်နေပြီလို့ ဆိုပါတယ်။သူ့အနေနဲ့ အိမ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲကြီးပြီးတဲ့နောက် ဟေ့...မိတ်ဆွေဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးကို ပထမဆုံးအကြိမ် ထွက်ရှိခဲ့တာဖြစ်ပြီး ဒုတိယမြောက်တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ နှစ် Album Audio CD ကိုလည်း ၂၀၁၇ ခုနှစ်ထဲမှာ ထွက်ရှိထားတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က