တစ်ယောက်တည်းရှိတဲ့အချိန်တွေ ခေါင်းအုံးလေးပေါ်မှာ ငိုခဲ့ရတယ်။

ဖွေးဖွေးကတော့ ရင်ဘတ်ထဲကနေ ထွက်လာတဲ့ ခံစားချက်တိုင်းကို ရင်ဖွင့်ပြောပြထားပါတယ်။ သူမ ဟာ တကယ်တော့ မျက်ရည်လွယ်တဲ့ မိန်းကလေးဖြစ်သလို၊ ခံစားချက်များစွာကို မြိုသိပ်ထားရတဲ့ မိန်းကလေးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

Photo: Amazing Grace



ပရိသတ်အချစ်တော်မလေး ဖွေးဖွေး က သူ့ရဲ့ ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြလိုက်ပါပြီ။ သူမရဲ့ စိတ်နေ စိတ်ထားလေးဟာ တင်းမာသလို ထင်ရပေမယ့် တစ်ယောက်တည်း ရှိနေတတ်တဲ့ အချိန်မှာတော့ မျက်ရည်ကျတတ်တယ်လို့ သူကဆိုပါတယ်။

‘’ဖွေးကရုပ်ရှင်ထဲမှာမျက်ရည်လွယ်တယ်။ ဘယ်သူ့မှမရှိတော့တဲ့အချိန် ဖွေးအိပ်တဲ့ခေါင်းအုံး လေးပေါ်မှာဆိုလည်း မျက်ရည်လွယ်တယ်။ တကယ့်အပြင်လောကမှာတော့ မျိုသိပ်တတ်ပါတယ်။ ဖွေးပျော်တတ်တယ်၊ စိတ်ညစ်တယ်တယ်၊  ကြည်နူးတတ်သလို နာကျင်တတ်တယ်၊ ဖွေးကိုချစ်တဲ့လူရှိသလို မုန်းတဲ့လူလဲရှိမယ်ဆိုတာလက်ခံပြီးသားပါပဲ’’ လို့ အစပျိုးကာ သြဂုတ်လ ၁၉ ရက်နေ့ည ၈ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: KP

သူမဟာ ပျော်စရာကောင်းတဲ့ ခံစားချက်လေးတွေကိုရော၊ ဝမ်းနည်းစရာကောင်းတဲ့ ခံစားချက်တွေရော သူ့ကို ချစ်တဲ့ We Love လေးတွေကို အမြဲတမ်း ရင်ဖွင့်လေ့ရှိသူပါတဲ့။

‘’ကိုယ့်ဘဝအမောတွေနဲ့ကိုယ်အသက်မနဲရှူနေရ‌တာတောင် ဖွေးကိုချစ်ဖို့သတိရပေးကြတဲ့ Darlings တွေကိုလဲအဲ့ဒါ ကြောင့်ပဲ ဖွေးအရမ်းတန်ဖိုးထားတာပါ။ ဖွေးဝမ်းနည်းတာတွေမဝေမျှဘူး။ အားတွေပဲပြန်ပေးချင်တယ်။ အဲ့တာ‌ကြောင့်ပျော်နေတာတွေ၊ အားရှိစရာတွေ၊ အလုပ်ကြိုးစားလုပ်နေတာတွေပဲဖွေးရဲ့ Pageပေါ်မှာတင်လေ့ရှိတာပါ နော်’’ လို့ သူကဆိုပါတယ်။

Photo: Phway Phway

ဖွေးဖွေး ဟာ လက်ရှိမှာ သူ့ကို မချစ်မနှစ်သက်လို့ ဝေဖန်တိုက်ခိုက်နေကြတဲ့အပေါ်မှာလည်း ဘာမှ တုံ့ပြန်သွားမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

‘’ပြုံးနေတိုင်းလဲစိတ်ဓာတ်မကျတတ်လို့မဟုတ်ပါဘူး။ မပြည့်စုံတာတွေလိုအပ်ချက်တွေနဲ့ဘဲအဆက်မပြတ် ကြိုးစားနေဆဲပါ။ ဖွေးကိုမုန်းနေတဲ့လူတွေမကောင်းပြောတဲ့,လုပ်တဲ့သူတွေအပေါ်လည်း အရင်ကဆိုဘာခံစားချက်မှမထားခဲ့ဘူး။ အချစ်တွေကိုဘဲအာရုံစိုက်ခဲ့တယ်။ အခုတော့တစ်ခုလေးတွေးမိတယ်။ ေဩာ်......ငါအရင်ဘဝက သူတို့ကိုဘာတွေ Foulခဲ့လည်း မှမသိတာလို့၊ ခုဆို ဘာလုပ်ခံရခံရ ပြန်မတုံ့ပြန်တာလည်း အရာရာခွင့်လွှတ်ပြီးသားမို့ပါ။ ဝဋ်ကျွေးရှိရင်လဲ ကြေသွားမှာပါ။ ဘာမှမဟုတ်ဘူးနော်.....မိုးအေးအေးလေးနဲ့..စာရေးချင်စိတ်ပေါက်လာလို့။ အေးချမ်းကြပါစေ.....အကြည်ဓာတ် အကြည်energy တွေရကြပါစေ! ဒီစာကိုနှလုံးသားနဲ့ ရေးလို့ ရင်ဘတ်ရှိသူတွေ ထိရပါစေ။ တချို့လူတွေကပြောကြတယ်ပိုချောလာတယ်တဲ့။ အမှန်ကမဟုတ်ပါဘူး။ ပိုတွေးတတ်..ပိုစိတ်ထားတတ်လာတာပါ။ ဖွေးစိန်’’ ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: Amazing Grace

ဖွေးဖွေး(Phway Phway)ဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။       


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က