စင်ကာပူကိုလည်း သွားရောက်ရိုက်ကူးခဲ့ရပါသေးတယ်။

Photo: Paing Takon FB


 

ပိုင်တံခွန်တစ်ယောက် ပြည်ပမှာ ကြော်ငြာရိုက်ကူးရေးတွေနဲ့ အလုပ်ရှုပ်နေရတာဖြစ်ပါတယ်။ ဇွန်လ ၂၅ ရက်နေ့တုန်းက စင်္ကာပူနိုင်ငံမှာ Sky Birds Travel & Tours ကြော်ငြာရိုက်ပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ ကြော်ငြာထပ်ရိုက်ဖို့ သွားနေပြီလို့ သိရပါတယ်။

''အခု ကျနော် ထိုင်းနိုင်ငံ karmart ကုမ္ပဏီကနေ ကမ်းလှမ်းထားတဲ့ skincare product တခုအတွက် TV ကြော်ငြာရိုက်ဖို့ ဘန်ကောက်မြို့ ကို သွားနေပါပြီခင်ဗျာ'' ဆိုပြီးတော့ ဇွန်လ ၂၇ ရက်နေ့ မနက် ၁၁ နာရီ ၄၆ မိနစ်တုန်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်နေ့တုန်းကလည်း စင်္ကာပူနိုင်ငံက Sky Birds Travel & Tours ကြော်ငြာကို ရိုက်ကူးခဲ့ပါသေးတယ်။

Photo: Paing Takon FB

ပြည်ပနိုင်ငံတွေနဲ့ အနုပညာအလုပ်တွေလုပ်ဖို့ရှိတဲ့ ပိုင်တံခွန်  

ပိုင်တံခွန်ဟာ ဇူလိုင်လ အထိကို နားရက်မရှိ အလုပ်တွေ ဆက်တိုက် လက်ခံထားတယ်လို့ သိရပါတယ်။ သူ့ အနေနဲ့ စင်္ကာပူနိုင်ငံအပြင် မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာလည်း ကမ်းလှမ်းထားတဲ့ ကြော်ငြာတွေ ရိုက်ဖို့ရှိတယ်လို့ ဆိုပါတယ်။  လောလောဆယ်မှာတော့ နိုင်ငံ ၃ နိုင်ငံမှာ သွားရောက်ရိုက်ကူးဖို့ သေချာတဲ့အကြောင်း Duwun Media ကိုပြောပြခဲ့ပါတယ်။

ပိုင်တံခွန်ဟာ အလုပ်တွေ လက်မလည်အောင်များနေပေမယ့်လည်း သူချစ်ရတဲ့ ပရိသတ်လေးတွေအတွက် သူ့ရဲ့ လှုပ်ရှားမှုလေးတွေကို  အမြဲ ချပြလေ့ရှိပါတယ်။ အခုလက်ရှိမှာလည်း ပြည်ပမှာ ရိုက်ကူးရေးတွေ ရှိနေတာကြောင့် သူ့ပရိသတ်လေးတွေသိအောင် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ ၂၀ရက်နေ့ နေ့လည် ၁၂ နာရီ ၄၃ မိနစ်အချိန်က ရေးသားခဲ့ပါတယ်။

''ကိုယ်ဒီနေ့ ကနေ ဇူလိုင်၁၄ ထိ တောက်လျောက် အလုပ်များနေပါမယ် ဒီအတောအတွင်း စင်ကာပူ မလေးရှား ဗီယက်နမ် နှင့် ထိုင်း ဘက်မှာလည်း ကမ်းလှမ်းထားတဲ့ ကြော်ငြာတွေသွားရိုက်ဖြစ်ဖို့ ရှိပါတယ်။ ကြော်ငြာသွားရိုက်၇င်း မြန်မာ ပရိသတ်တွေ နဲ့လည်း ဆုံချင်ပါတယ်'' ဆိုပြီးတော့ ရေးသားခဲ့တာပါ။

Photo: Paing Takon FB

 

ပိုင်တံခွန်ဟာ အခုလက်ရှိမှာတော့ အိန်ဂျလမုန်နဲ့အတူ သမန်းကျား ဝိညာဉ် ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲ့ဒီ ဇာတ်ကား ထဲမှာ ကျားတစ်ပိုင်း လူတစ်ပိုင်း လူသားတစ်ဦးရဲ့အဆန်းကြယ်ဆုံးကာရိုက်တာကို သရုပ်ဆောင်ထားတာပါ။ ပိုင်တံခွန်ဟာ မိန်းကလေးပရိသတ်တွေအားပေးမှုအများဆုံးရရှိထားတဲ့ တက်သစ်စအမျိုးသား အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပိုင်တံခွန်တစ်ယောက် ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးနေရပြီဖြစ်ပါတယ်။ သူပါဝင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။

မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က