ကြေကွဲနေကြတဲ့ ပရိသတ်တွေ အများကြီးပါ

စိုင်းစိုင်းက Relationship ချိတ်ထားတဲ့ ကောင်မလေးကို ဧပြီလ ၁ ရက်နေ့မှာပဲ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီ့အတွက် ပရိသတ်တွေကလည်း တကယ်လား၊ နောက်နေတာလား ဆိုတာကို အရမ်းသိချင်နေကြပါပြီ။
























အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကတော့ ဧပြီလ ၁ ရက်နေ့မှာ In a relationship ဆိုပြီး Victoria ဆိုတဲ့ Facebook Account နဲ့ Relationship တင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုတင်လိုက်တဲ့ အချိန်မှာတော့ ပရိသတ်တွေ ကြားမှာ စဉ်းစားစရာဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ အချစ်ရေး သတင်းတွေကလည်း မကြာခဏဆိုသလို ထွက်ပေါ်လေ့ရှိပါတယ်။

စိုင်းစိုင်းကတော့ ပရိသတ်ကို April Fool လုပ်လိုက်တာလား၊ တကယ်အတည်ကြီး မိတ်ဆက်ပေးလိုက်တာလား ဆိုတာကို ပရိသတ်တွေက Comment ကနေ မေးခွန်းထုတ်နေကြတာကို တွေ့ရပါတယ်။ တချို့ပရိသတ်တွေကလည်း တကယ့် ချစ်သူဖြစ်ပါစေလို့ ဆုတောင်းခဲ့ကြတာကို တွေ့ရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အချစ်ရေးအကြောင်းကို စိတ်ဝင်စားမှုအများဆုံးရှိသူတွေကတော့ မိန်းကလေး ပရိသတ်တွေပါပဲ။

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ဂီတအပိုင်းမှာတော့ ထိပ်ဆုံးနေရာမှာရပ်တည်နေတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ သူဟာ အနုပညာ သက်တမ်း နှစ် ၂၀ နီးပါးရှိပါတယ်။ ဒီအတော အတွင်းမှာလည်း ဂီတအလုပ်ရော၊ သရုပ်ဆောင်အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် တစ်ဦးဆိုရင်မမှားပါဘူး။



Photo: Amazing Grace

ဧပြီလ ၁၀ ရက်နေ့ ဆိုရင်တော့ စိုင်းစိုင်းဟာ အသက် ၄၀ ပြည့်ပါပြီ။ သူ့ရဲ့ Birthday Show ကိုလည်း ရန်ကုန်မြို့ သုဝဏ္ဏဘူမိမှာ ကျင်းပပြုလုပ်သွားမှာပါ။ သူဟာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။



က္က