အုတ်ဖိုမြို့နယ်မှာတဲ့။

ဖြိုးမြတ်အောင်ကတော့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေလုပ်ရင်း ပရဟိတအလုပ်တွေတွေကိုလည်း လုပ်ဆောင်နေသူဖြစ်ပါတယ်။

အဆိုတော် ဖြိုးမြတ်အောင်ကတော့ ဒီနေ့မှာ ကျောင်းသူကျောင်းသားလေးတွေနဲ့အတူ စုပေါင်းသစ်ပင်စိုက်ပွဲမှာ ပါဝင်ခဲ့တာ တွေ့ရပါတယ်။ အုတ်ဖိုမြို့နယ် တောင်ညိုလေး တောရကျောင်းမှာ ဆရာတော်များ၊ ကျောင်းသားကျောင်းသူတို့နဲ့အတူ စုပေါင်းသစ်ပင်စိုက်ခဲ့တယ်လို့ ဆိုပါတယ်။



“အုတ်ဖိုမြို့နယ် တောင်ညိုလေးတောရ ကျောင်း တွင် #GreenMakersHinthada အဖွဲ့နဲ့အတူ ဆရာတော်၏ တပည့် ဒါယကာ ဒါယိကာမများ

ကျောင်း သား ကျောင်းသူများနဲ့အတူ စုပေါင်းသစ်ပင်စိုက်” ဆိုပြီး ဇူလိုင်(၂၈) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

ဖြိုးမြတ်အောင်က ပရဟိတအလုပ်တွေ လုပ်ရတာ ဝါသနာပါသလို အခုလို ရာသီမှာလည်း သစ်ပင်စိုက်ပွဲတွေ တော်တော်များများမှာ ပါဝင်ပေးဖြစ်နေတာ တွေ့ရပါတယ်။ မေလပိုင်းတုန်းက ဟင်္သာတမြို့မှာ သစ်ပင်စိုက်ဖို့ကိုလည်း ဖြိုးမြတ်အောင်က မတည်ငွေ (၁၁)သိန်း လှူဒါန်းခဲ့ပါသေးတယ်။ အဲဒီအလှူကိုလည်း သူနဲ့အတူ ပရိသတ်မိသားစုဆိုတဲ့ နာမည်နဲ့ လှူဒါန်းခဲ့တာပါ။

ဖြိုးမြတ်အောင်က လက်ရှိမှာ ပရဟိတအလုပ်တွေလုပ်ရင်း ပရိသတ်တွေအတွက် သီချင်းသစ်တွေ နားဆင်နိုင်ဖို့အတွက် ပြင်ဆင်နေတာ တွေ့ရပါတယ်။ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က