ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။

Asean International Film Festival 2019 ပွဲကြီးမှာတော့ မြန်မာနိုင်ငံက ရွှေကြာရုပ်ရှင်ဇာတ်ကားနဲ့ Special Jury Awards ဆုကို ဒါရိုက်တာ ဝိုင်းက ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Photo: Asean International Film Festival 2019



အာရှနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာတော့ ဒါရိုက်တာ ဝိုင်းက ရွှေကြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ Special jury awards ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ဒီ့အတွက်လည်း ဝိုင်းကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေက ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ Asean International Film Festival 2019 ပွဲကြီးကိုတော့ ဧပြီလ ၂၇ ရက်နေ့ ညက မလေးရှားနိုင်ငံ ကူချင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ မြန်မာနိုင်ငံမှ ဒါရိုက်တာဏကြီးကလည်း Best Director Of Photography ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။

Photo: Asean International Film Festival 2019

ဒါရိုက်တာဝိုင်းရဲ့ ရွှေကြာ ရုပ်ရှင်ဇာတ်ကားကြီးဟာ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင် ဇာတ်ညွှန်းဆု၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင် ဆုနဲ့ အကောင်းဆုံး တည်းဖြတ် ဆု ဆိုပြီးတော့ ဆု ၄ ဆု ပိုင်ဆိုင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

Photo: Asean International Film Festival 2019

ဒါရိုက်တာ ဝိုင်းဟာ ၂၀၁၃ ခုနှစ်က ‘’စေတန်ရဲ့ ကချေသည်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၅ ခုနှစ်မှာ ‘’ကျွန်မက နှင်းဆီပါ မောင်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆု ကို ထပ်မံရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ‘’ရင်ဘတ်ထဲက ဓား’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကိုယ်ပိုင်ဇာတ်ညွှန်းဆုကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်း ဆုကိုလည်း ထပ်မံရရှိခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က