အခုတော့ ဘုန်းမင်းနဲ့ ဝတ်မှုန်ကို သတိရနေပါတယ်တဲ့။
Sabal Thwin

သဇင်ထူးမြင့်ကတော့ ရွှေကြိုဖြစ်တုန်းက ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ အမှတ်တရတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ သူတို့တွေရဲ့ ခင်မင်မှုတွေက တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်။

Photo: Thazin Htoo Myint

သဇင်ထူးမြင့်က ရွှေကြိုတုန်းက စပြီးခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ အခုချိန်မှာ အရမ်းကို ရင်းနှီးနေကြပြီလို့ဆိုပါတယ်။ အခုလည်း သူငယ်ချင်းတွေနဲ့ အမှတ်တရဖြစ်ခဲ့ရတဲ့ အချိန်တွေကို ပြန်လည်ပြောပြလာပါတယ်။

‘’ဒီချိန်ထိ အမြဲအတူရှိနေကြတယ်။ ပွဲအတွက်ပထမဆုံး လေ့ကျင့်တုန်းက interview တွေကြည့်တိုင်း ရယ်မိတယ်။ အဲ့ဒီတုန်းက တစ်ယောက်နဲ့တစ်ယောက် စကားပြောရင်တောင် ဘေးကလူက တော်တော်နားထောင်ရတယ်။ အခုများတော့ ဆူညံပြီး ၁၂ယောက်အင်အားမှအားမနာ၊ အော်ရယ်လိုက် နောက်လိုက်နဲ့စိတ်တူ ကိုယ်တူ ပေါဖက်တွေဖြစ်နေကြပြီ။ (မှုန်ကြီးရယ် ဘုန်းမင်းရယ်က ကျောင်းသွားတက်နေကြတော့ မဖူးရဲ့ edit အစွမ်းနဲ့ပဲထည့်လိုက်တယ်)’’ ဆိုပြီးတော့ သြဂုတ်လ ၁၅ ရက်နေ့ နေ့လယ် ၁၁ နာရီ မိနစ် ၄၀က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Thazin Htoo Myint

၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပါဝင်ခဲ့ကြတဲ့ ရွှေကြိုမောင်မယ်လေးတွေကတော့ သရုပ်ဆောင် မင်းသူရဲ့ သား မင်းသန့်ကိုကို၊ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သား ဘုန်းမင်းနေလ၊ သရုပ်ဆောင် နေမင်းရဲ့ တူ အုပ်သာကျော်၊ သရုပ်ဆောင် နေထက်လင်းရဲ့ သား ထက်လင်းအောင်၊ သရုပ်ဆောင် ကိုကိုဦးရဲ့ သား သီဟအောင်၊ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီး သဇင်ထူးမြင့်၊ သရုပ်ဆောင် မြင့်မြင့်ခင်ရဲ့ မြေး ဝတ်မှုန်သန့်၊ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့တူမ မေတိုးခိုင်တို့အပြင် တက်သစ်စ အနုပညာရှင်လေးနှစ်ဦးဖြစ်တဲ့ ဆောင်းယွန်းစံနဲ့ နန်းရွှေရည်တို့က ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

Photo: Thazin Htoo Myint

သဇင်ထူးမြင့်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲက ရွှေကြိုမယ် တစ်ယောက်အဖြစ် ပရိသတ်တွေစတင်သိရှိလာခဲ့တာပါ။ အခုဆိုရင်တော့ သူမဟာ တီဗီကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ သူမရဲ့ ပုံစံလေးကတော့ အသားဖြူဖြူ၊ ဆံပင်ရှည်ရှည်၊ ပါးဖောင်းဖောင်းလေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါ။

သူမဟာ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ပညာရေးဘက်ကိုပဲ အဓိကထား လုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ဘာသာစကားလေ့လာရတာကို ဝါသနာပါတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း တီဗီကြော်ငြာတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က