Ei Ei Myat

ရေဘေးသင့် ပြည်သူများအတွက် တတ်စွမ်းသလောက် ပါဝင်ကူညီပေးမယ့် ချမ်းချမ်းအတွက် ပရိသတ်တွေကလည်း တစ်ဖက်တစ်လမ်းကနေ အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ပေးနေတာတွေ့ရပါတယ်။ဒီနေ့မှာလည်း ရန်ကုန်မြို့တွင်းမှာ လိုက်ပြီး အလှူခံလို့နေပါတယ်။

 

Photo : ချမ်းချမ်း

ချမ်းချမ်းကတော့ သြဂုတ်လ(၁၂)ရက်နေ့မှာ ရေဘေးခံစားနေတဲ့ မော်လမြိုင်၊ ပေါင်၊ မုတ္တမဘက်က ပြည်သူတွေဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေပါတယ်။ အဲဒီအတွက်ကိုလည်း သြဂုတ်လ(၁၁) ရက်နေ့ တစ်နေ့လုံး ရန်ကုန်မြို့ထဲမှာ တတ်နိုင်သလောက် အလှူခံနေပါတယ်လို့ သူမက ဆိုပါတယ်။

“တနင်္လာနေ့သွားလှူပေးမှာပါ...ကားဖြင့်ကူညီပေးချင်တဲ့သူတွေကိုလဲဖိတ်ခေါ်ပါတယ်။.မနက်ဖြန်ကို လှူဒါန်းချင်တဲ့သူများရှိရင် ဒီဖုန်းကိုဆက်သွယ်ပေးပါ...09401540466..ကျွန်မကိုယ်တိုင်သွားရောက်လှူဒါန်းပေးမှာမို့ ပရိတ်သတ်တွေကိုလဲဖိတ်ခေါ်ပါတယ်။ မနက်ဖြန်ကိုပစ္စည်းများလှူချင်တဲ့ပစ္စည်းတွေကို ကျွန်မလိုက်လံသိမ်းယူပေးမှာမို့ ပါဝင်ပေးကြဖို့ဖိတ်ခေါ်ပါတယ်။ဆက်သွယ်ပေးပါနော်..messanger ကနေလဲ ပါဝင်လှူဒါန်းချင်ရင်လိပ်စာဖုန်းနံပါတ်ပို့ထားပေးပါ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၁၀) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

ချမ်းချမ်းက ရေကြီးတဲ့နေရာတွေမှာသွားလှူမှာ ဖြစ်လို့ ကားကြီးတွေလည်း လိုအပ်လို့နေတယ်လို့ ပြောထားပါသေးတယ်။ သူမပြောပြီး သိပ်မကြာခင်မှာပဲ ကားကူညီပေးတဲ့ စေတနာရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး သူမရဲ့ လိုအပ်ချက်လေးတွေ ပြည့်ခဲ့တာကြောင့် အရမ်းကို ဝမ်းသာလို့နေပါတယ်။

“ကျေးဇူးတင်လိုက်တာ..ကူညီမယ့်ကားရော ကူညီလှူဒါန်ဒကြတဲ့စေတနာရှင်တွေမထင်မှတ်အောင်များလို့ကျေးဇူးအထူးတင်ရပါတယ်။..ဘုရားကိုဆုတောင်း တာတကယ်ညတွင်းချင်းပြည့်တယ်။ အားလုးံကိုအရမ်းကျေးဇူးတင်ပါတယ်။ကျွန်မအနေနဲ့တတ်နိုင်သလောက်တပိုင်တနိုင်လိုက်ပြီးအကူညီပေးချင်တာပါ။ ပါဝင်ကူညီပေးမယ့်မောင်တွေညီမတွေ အကိုတွေကိုကျေးဇူးပါနော်။ ဘုရားဒီ့ထက်သာ၍ကောင်းချီးပေးပါစေ” ဆိုပြီး သြဂုတ်လ(၁၁) ရက်နေ့က ပြောထားပါတယ်။

ရေဘေးသင့် ပြည်သူများအတွက် တတ်စွမ်းသလောက် ပါဝင်ကူညီပေးမယ့် ချမ်းချမ်းအတွက် ပရိသတ်တွေကလည်း တစ်ဖက်တစ်လမ်းကနေ အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ပေးနေတာတွေ့ရပါတယ်။

Photo : ချမ်းချမ်း

ချမ်းချမ်းဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူဟာ ‘’ တစ်ကယ်ဆိုရင် အချစ်ပဲ လိုတယ်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေတဆင့် ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ အဲဒီနောက် ‘’အိပ်မက်’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ သို့..’’ ဆိုတဲ့ အခွေကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ဆုံး ထွက်ရှိထားတာပါ။

 


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က