သစ်တံခါးဆရာတော်ကိုယ်တိုင် အိမ်သစ်ပွဲကို တက်ရောက်ပရိတ်တရားနာပေးခဲ့ပါတယ်တဲ့။

စမိုင်းလ်က ဒီနေ့(ဇွန်လ၂၂) ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့မှာတော့ လော့အိန်ဂျလိစ် မြို့မှာ ဆောက်ထားတဲ့ အိမ်အကြီးကြီးတစ်လုံးကိုခင်ပွန်းဖြစ်သူက မွေးနေ့လက်ဆောင်ပေးခဲ့ပါတယ်တဲ့။ ဒါကလည်း သူမကိုယ်တိုင် အလိုချင်ဆုံးလက်ဆောင်ပါတဲ့။

Photo: Smile Mg



သရုပ်ဆောင် စမိုင်းလ်က ဇွန်လ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့မှာတော့ ခင်ပွန်းဖြစ်သူရဲ့ လက်ဆောင်ကြောင့် အရမ်းကို ပျော်ရွှင်နေတာ တွေ့ရပါတယ်။ မွေးနေ့လက်ဆောင်ကတော့ LA မှာ အိမ်အကြီးကြီး ဆောက်ပေးခဲ့တာဖြစ်ပါတယ်။

‘’လိုလိုချင်ချင်နဲ့တောင်းယူခဲ့တဲ့မွေးနေ့လက်ဆောင်လေး။သမီးတွေကြီးလာလို့နိုင်ငံခြားမှာအိမ်လေးတစ်ခုလိုချင်နေခဲ့တာကြာပြီ။တကူးတကကြွရောက်ပြီးမေတ္တာပရိတ်ရွတ်ဖတ်ပြီးဘုရားအနေကဇ္ဇာတင်ပေးတဲ့သစ်တံခါးဆရာတော်ဘုရားကိုလည်းကျေးဇူးအထူးတင်ပါတယ်ဘုရား။ ကျေးဇူးအများကြီးတင်ပါတယ်မောင် အမြဲချစ်ပေးပါ’’ ဆိုပြီးတော့ ဇွန်လ ၂၂ ရက်နေ့ မနက် ၅ နာရီကျော်က စမိုင်းလ်ရဲ့ Facebook Page မှာ ရေးသားခဲ့ပါတယ်။

Photo: Smile Mg

သရုပ်ဆောင် စမိုင်းလ်နဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်တို့ဟာ အိမ်ထောင်သက် အနှစ် ၂၀ ကျော်ခဲ့တာတောင် ပရိသတ်တွေရဲ့ အားကျခြင်းကို ခံထားရတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။ ဒီလို ခိုင်မာတဲ့ အိမ်ထောင်ရေး ဖြစ်လာဖို့အတွက်ကိုလည်း စမိုင်းလ်ကိုယ်တိုင်က ဂရုတစိုက်ရှိတယ်လို့ Duwun Media ကနေပြောပြလာပါတယ်။

‘’ အစ်မတို့ နှစ်ယောက်ကလေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်ပြီးတော့ ချစ်တယ်။ ကိုယ်က သူ့ကို ပိုဂရုစိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ လူတွေက အသက်ကြီးလာရင် ဂရုစိုက်မှုလေးတွေ လျော့လာကြတယ်။ အဓိကက ယောကျ်ားကိုလည်း ဂရုစိုက်သလို သမီးတွေကိုလည်း ၁၀၀ ရာခိုင်နှုန်းအပြည့် ဂရုစိုက်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Smile Mg

ခင်ပွန်းဖြစ်သူက စမိုင်းလ်ကို ချစ်တဲ့ အရာတွေရှိတယ်လို့ ဆိုပါတယ်။ သူမရဲ့ အားနည်းချက်တိုင်းကို ချစ်ခင်၊ ကြင်နာပေးတဲ့ ခင်ပွန်းဖြစ်တယ်လို့ စမိုင်းလ်က ပြောပြထားပါတယ်။

‘’အစ်မက အရမ်းကြီးချောတဲ့အထဲမှာ မပါဘူး။ အနာရွတ်တွေလည်းရှိတယ်။ ဒါပေမယ့် သူက ကိုယ့်ရဲ့ အနာရွတ်လေးတွေကိုပဲ တို့ပြီးတော့ ကြိုက်တယ်ဆိုရင် ကိုယ့်မှာ ထူးဆန်းရတာပေါ့နော်။ ပြီးတော့ အစ်မက သိပ်ပြီးတော့ လှတဲ့အမျိုးသမီး မဟုတ်ဘူး။ လှတဲ့သူ မဟုတ်ဘူးဆိုတော့ ကိုယ့်လို လူကိုပဲ သူကချစ်နေတယ် ဆိုပြီးပြောတော့လည်း ဝမ်းသာရတာပေါ့နော်’’ ဆိုပြီးတော့ ဟီးရိုး ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Smile Mg

သရုပ်ဆောင်စမိုင်းလ် (Smile) ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က