အခုထိ Propose လုပ်တဲ့သူ မရှိဘူးတဲ့။
Ei Ei Myat

ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ခြူးလေးကတော့ အိမ်ထောင်ပြုဖို့ စဉ်းစားထားတာမရှိသေးဘူးတဲ့။ သူမရဲ့ ပရိသတ်တွေကတော့ သူမကို တစ်ယောက်တည်း နေတာပဲ မြင်ချင်တာပါ။

Photo : Bunny Oo

အရင်တုန်းကနဲ့ မတူအောင် အများကြီး ပြောင်းလဲလာတဲ့ ခြူးလေးက ပရိသတ်တွေရဲ့ အချစ်ကို ပိုမိုရရှိလာသူ တစ်ယောက်ဖြစ်ပါတယ်။ ပိုပို ချောလောတဲ့ ခြူးလေးကတော့ အချစ်ရေးကို ထပ်ပြီး စိတ်ဝင်စားတာမျိုး မရှိဘဲ အိမ်ထောင်ပြုဖို့ကိုလည်း စိတ်မဝင်စားသေးဘူးလို့ ဆိုပါတယ်။

“အိမ်ထောင်ပြုဖို့က လောလောဆယ်တော့ တော်တော်စိတ်ကုန်နေတယ်။ အိမ်မှာ မောင်လေးဇနီးက ကလေးမွေးထားတာ ရက်(၂၀)ကျော်ပဲ ရှိသေးတယ်။ အဲဒါကို မြင်ပြီးတော့ မဖြစ်သေးဘူး ကိုယ့်စိတ်နဲ့ဆိုပြီး “ ဆိုပြီး Duwun Media သို့ ဖြေပေးခဲ့ပါတယ်။

Photo : Bunny Oo

လက်ရှိမှာတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး ခေါင်းထဲ မထည့်ထားသလို သူ့ကို ကြိုက်တဲ့သူလည်း မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုဖို့ကိုလည်း အသက်(၃၇) နှစ်၊ (၃၅)နှစ်လောက်မှ စဉ်းစားမယ်လို့ ပြောပါတယ်။

“(၃၇) လောက်မှ အိမ်ထောင်ပြုမယ်လို့ စိတ်ကူးထားတယ်။ ဒါပေမယ့်လည်း အိမ်ထောင်မပြုချင်သေးဘူး ။ ဖြစ်လည်း ဖြစ်သွားနိုင်တယ်ပေ့ါ။နော်။ ၃၅ ၃၇ လောက်မှ အိမ်ထောင်ပြုဖို့ များတယ်။ ဒီကြားထဲ ကြိုက်တဲ့လူမရှိပါဘူး။ ကိုယ့်ကို ပရိုပို့စ်လုပ်တတ်တဲ့ သူတောင် မရှိဘူး ကြွားတယ်ထ င်နေဦးမယ်။ ဈေးဗန်းခင်းတာ မဟုတ်ပါဘူး။ ခြူးရဲ့ ဝီလေးတွေကတော့ ပျော်နေလောက်ပြီ" ဆိုပြီး ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : Bunny Oo

ခြူးလေး(Chue Lay) ဟာ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ နာမည်ရလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမကို "ထာဝရ မန္တလေး" ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတာဖြစ်ပြီး အဲဒီနောက်မှာ ဗီဒီယိုတွေလည်း ရိုက်ကူးလာတာကို တွေ့ရပါတယ်။၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရိုက်ကူးတဲ့ One Night In The Old House ဆိုတဲ့ ဗီဒီယိုကားထဲမှာ ကိုရီးယားရူးမလေးအဖြစ် ပါဝင်ထားတဲ့ အပြင် MRTV 4 မှာ ပြသခဲ့တဲ့ "ပဉ္စလက်ရွာ" ဇာတ်လမ်းတွဲထဲမှာပါလည်း ပါဝင်ထားပါသေးတယ်။အခုနောက်ပိုင်းဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရပါပြီ။




က္က