ချစ်စရာလေး။

ဖွေးဖွေးက သူမရဲ့ မောင်လေးမွေးနေ့မှာ လုပ်တဲ့မွေးနေ့အလှူအတွက် အားကျိုးမာန်တက် ပါဝင်ကူညီပေးနေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ "ပပဝတီစီရင်ခန်း" ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးထားတဲ့ ဖွေးဖွေးက လက်ရှိမှာ မိသားစုကို သေချာအချိန်ပေးနေတာ တွေ့ရပါတယ်။

 

Photo : ဖွေးဖွေး



ပရိသတ်တွေရဲ့ အချစ်တော် ဖွေးဖွေးက သူမရဲ့ တစ်ဦးတည်းသော မောင်လေး Eden ရဲ့ မွေးနေ့အလှူ အတွက် အစအဆုံး သေသေချာချာ လိုက်လုပ်ပေးနေတာ တွေ့ရပါတယ်။ မောင်လေးရဲ့ မွေးနေ့အလှူအတွက် ဖခင်နဲ့မိခင်တို့က ကိုယ်တိုင် ချက်ပြုတ်နေသလို ဖွေးဖွေးတို့မောင်နှမကလည်း ဘေးကနေ ပါဝင်ကူညီနေကြတာပါ။ ထောပတ်ထမင်း၊ ငါးဖယ်ဟင်းနဲ့ ထမင်းဗူးလေးတွေ သေချာပြင်ဆင်နေတဲ့ ပုံလေးကိုလည်း သူမရဲ့ ဖေ့စ်ဘွတ် Story မှာ တင်ထားခဲ့ပါတယ်။

Photo : ဖွေးဖွေး

ဖွေးဖွေးက သူချစ်တဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရပေမယ့်လည်း သူချစ်တဲ့ မိသားစုကို ရရင်ရသလို အချိန်ပေးတတ်သူလည်း ဖြစ်ပါတယ်။ ဖွေးဖွေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကမှ “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပြီးသွားတာ ဖြစ်လို့ လက်ရှိမှာတော့ မိသားစုကို သေချာ အချိန်ပေးဖြစ်နေတာပါ။

”ပပဝတီစီရင်ခန်း “ ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာ ဝိုင်းရိုက်ကူးပြီးတော့ ဖွေးဖွေးအပြင် ထွန်းထွန်း၊ အလင်းရောင်၊ မိုးဟေကိုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးဟာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ဇာတ်ကားကြီးတစ်ကား ဖြစ်ပါတယ်။

Photo : Amazing Grace

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူပါ။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က