ကွယ်လွန်ခဲ့တာ ၅ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။

သရုပ်ဆောင်ဂျွန်ဂို ကွယ်လွန်ခဲ့တာ ၅ နှစ်ပြည့်တော့မှာပါ။ ဒါပေမယ့် အစ်မကြီးဖြစ်သူ သရုပ်ဆောင် မြသင်းခြယ်ကတော့ မောင်လေးအတွက် မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်ပေးနေတာ တွေ့ရပါတယ်။

Photo: Mya Thin Chel

သရုပ်ဆောင်မြသင်းခြယ်က မောင်လေးအငယ်ဆုံးဖြစ်သူ သရုပ်ဆောင် ဂျွန်ဂိုအတွက် ရည်စူးပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့(နှစ်ဆန်းတစ်ရက်နေ့) က အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီအလှူကိုတော့ သန်လျှင်မြို့မှာရှိတဲ့ ‘’ဆုတောင်းပြည့် ပရဟိတကျောင်းတိုက်မှာ’’ပြုလုပ်ခဲ့ပါတယ်။

‘’သူရှိစဉ်က သူအမြဲသွားလှူခဲ့တဲ့ ဆုတောင်းပြည့် ပရဟိတကျောင်းတိုက်မှာ သူ့ကိုယ်စား သူ့အတွက်ရည်စူးပြီး ဆန်(၁ဝ)အိတ် သင်္ကန်းနဲ ဝထ္ထုငွေတို့သွားလှူခဲ့တယ်။ သူသိပ်ချစ်၊ သိပ်သံယောဇဉ်ဖြစ်တဲ့ ကလေးတွေနဲ့ သူသိပ်ချစ်တဲ့ ခွေးလေးတွေကိုလဲ သူ့ကိုယ်စားကျွေးလှူခဲ့တယ်။ သူဆိုသော တစ်ဦးထဲသော ချစ်ရတဲ့မောင်လေး ဂျွန်ဂိုရေ ရောက်ရာဘုံဘဝမှ သိနိုင်မြင်ကြားနိုင်ပါစေနော်’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီလ ၁၈ ရက်နေ့ နေ့လယ် ၂ နာရီ ခွဲက ရေးသားထားတာ တွေ့ရပါတယ်။

Photo: Mya Thin Chel

ဂျွန်ဂိုဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်မြသင်းခြယ်ရဲ့ မောင်လေး အငယ်ဆုံးဖြစ်သလို သရုပ်ဆောင်နေထူးနိုင်နဲ့ ယောက်ဖတော်စပ်ပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ဆိုရင်တော့ ဂျွန်ဂို ကွယ်လွန်ခဲ့တာ ၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။

Photo: Mya Thin Chel

အက်ရှင်မင်းသားချော တစ်ယောက်အနေနဲ့ ဂျွန်ဂိုဟာ ပရိသတ်တွေရဲ့ အားပေးမှုများစွာ ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ပါ။ အရပ်ရှည်ရှည် အသားညိုညို အသက်ကလည်း ငယ်တော့ တစ်ချိန်က ကောင်မလေး ပရိသတ်တွေရဲ့ အသဲစွဲ မင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ဂျွန်ဂို နောက်ဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားကတော့ '' ငရဲအိုး'' ဆိုတဲ့ အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။

Photo: Mya Thin Chel

မြသင်းခြယ်က လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်နေပေမယ့် မိသားစုကို ပိုပြီးအချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။ မကြာသေးခင်ကလည်း သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ '' တစ်နေ့မှ မေ့မရပါ'' ဆိုတဲ့ တေးစီးရီးကို ထွက်ရှိထားတာဖြစ်ပါတယ်။ သူမဟာ မျက်နှာဝိုင်းဝိုင်း ဆံပင်ရှည်ရှည်နဲ့ ပရိသတ်အချစ်တွေ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။



က္က