ခေါင်းလေး တစ်ခါခါနဲ့။

မေမေချစ်သုဝေရဲ့ သီချင်းကို နားထောင်ရင်း လိုက်ကနေကြတဲ့ သမီးလေးတွေရဲ့ အမူအရာကြောင့် အသည်းတယားယားဖြစ်လို့နေကြပါပြီ။ ခေတ်နဲ့ သစ်တို့က ၂ နှစ်ကျော်အရွယ်ကို ရောက်လို့နေပါပြီ။

Photo: ချစ်သုဝေ

အဆိုတော်ချစ်သုဝေရဲ့ ချစ်စရာသမီးငယ်လေးတွေဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့က မေမေ့ရဲ့ ‘’ခရီးသည်’’ သီချင်းလေးနဲ့ လိုက်က နေကြပါတယ်။ သမီးလေးတွေရဲ့ အမူအရာကြောင့် မေမေကတော့ အသည်းတုန်အောင် ချစ်နေရပါတယ်တဲ့။

‘’မနက်ကျောင်းပို့လို့ ကားပေါ်တက်ရင် မေမေ့သီချင်းဖွင့်ဆိုပဲ။ ချစ်လိုက်တာ.. "ခရီးသည်" သီချင်းလေးနဲ့ ကနေတာများ။ he he အမာခံပရိသတ်တွေနော်..ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့’’ ဆိုပြီးတော့ ချစ်သုဝေရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မတ်လ ၇ ရက်နေ့ ည ၇ နာရီကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ခေါင်းလေး တစ်လှုပ်လှုပ်နဲ့ ကနေကြတဲ့ သမီးလေးတွေရဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ခဲ့ပါသေးတယ်။ ခေတ်နဲ့သစ်တို့ရဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေကလည်း အချစ်ပိုလို့နေပါတယ်။

ခေတ်နဲ့သစ်တို့ရဲ့ လှုပ်ရှားမှုတိုင်းဟာ အရမ်းကို ချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရတဲ့ သမီးလေး တွေဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့ သမီးလေးတွေကို မေမေချစ်သုဝေတစ်ယောက် ချစ်မဝဖြစ်လို့နေပါတယ်။ အခုဆိုရင် ခေတ်နဲ့သစ်လေးတို့က (၂) နှစ်ကျော်အရွယ်ကို ရောက်ရှိနေပါပြီဖြစ်သလို သူတို့လေးတွေကကျောင်းလည်းတက်နေရပါပြီ။

Photo: ချစ်သုဝေ

အနုပညာရှင်တွေ ဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အနုပညာအလုပ်တွေ မအားမလပ်တဲ့ ကြားထဲက သမီးလေးတွေအတွက် အချိန်ပေးတတ်သူတွေပါ။ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးနှစ်ယောက်ဟာ မိဘတွေမပြောနဲ့ မြင်တဲ့သူတိုင်းက မချစ်ဘဲ မနေနိုင်လောက် အောင်ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။

Photo: ချစ်သုဝေ

မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ ပုံလေးတွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။ ခေတ်နဲ့သစ်တို့ အမြွှာညီအစ်မ နှစ်ယောက်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်က ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။



က္က