မိခင်အတွက် မွေးနေ့ဆုတောင်းစကားတွေပြောလာပါတယ်။
Sabal Thwin

စန္ဒီမြင့်လွင်ဟာ မိခင်ဖြစ်သူအတွက် မွေးနေ့လက်ဆောင် အဖြစ် မြေးမလေးတစ်ယောက် မွေးပေးနိုင်ခဲ့ပြီလို့ဆိုပါတယ်။ သူမ ချစ်ရတဲ့ မိခင်ကိုလည်း အမြဲတမ်း ပျော်ရွှင်နေစေချင်တယ်လို့ ဆိုပါတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်က ဇူလိုင်လ ၂၆ ရက်နေ့မှာ မွေးနေ့ ကျရောက်တဲ့ မိခင်ဖြစ်သူအတွက် သူ့ရင်ထဲက စကားတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ မေကြီးကိုတော့ မြေးမလေးတစ်ယောက် လက်ဆောင်ပေးနိုင်ခဲ့ပြီလို့လည်း ဝမ်းသာအားရနဲ့ ပြောခဲ့ပါတယ်။

‘’သမီးချစ်တဲ့မေကြီးမွေးနေ့ပေါင်းမြောက်များစွာ သမီးမြေးမလေးနဲ့အတူအမြဲထာဝရ အတူတူနေသွားနိုင်ပါစေ စိတ်ထားအကောင်းလွန်သောမေကြီး တရားထူး၊ တရားမြတ်များအမြန်ဆုံးရပါစေ။ ဒီနှစ်မွေး နေ့လက်ဆောင်ကတော့မြေးမလေးပေါ့နော်။ ခရီးတွေတူတူဆက်သွားကြမယ်မေကြီးရေ ၊ မေကြီးပျော်တာ အမြဲမြင်ချင်သူချစ်သမီး’’ ဆိုပြီးတော့ ဇူလိုင်လ ၂၆ ရက်နေ့ မနက် ၈ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်ဟာ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်နဲ့ ၂၈ စက္ကန့်မှာ သမီးဦးလေး ကို မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ ကိုယ်အလေးချိန်ကတော့ ၆ ပေါင်ပါ။ ပန်းလှိုင် ဆေးရုံကြီးမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့ ရဲ့ မိသားစုဝင် အသစ်လေးကိုတော့ ပရိသတ်တွေက Comment ကနေတဆင့် ကြိုဆို နှုတ်ခွန်းဆက် စကားများပြောခဲ့ကြပါတယ်။

Photo: Kingsman

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပြီး အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၅ လကျော်ခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီးလေး နဲ့ အတူတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားနိုင်ပါပြီ။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။


က္က