ဘာများလဲဆိုတာ စိတ်ဝင်စားနေကြပါပြီ။

ရဲရင့်အောင်က သူ့ရဲ့ မွေးနေ့မှာ ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်များစွာတို့ကို လက်ဆောင်ပြန်ပေးဖို့ရှိပါတယ်တဲ့။ လက်ရှိမှာတော့ သူက သီချင်းအသစ်လေးတွေ ဖန်တီးနေတာဖြစ်ပါတယ်။

Photo: Yair Yint Aung



ဒီနေ့(သြဂုတ်လ ၁၈) ရက်နေ့ကတော့ အဆိုတော်ရဲရင့်အောင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့အတွက် သတိတရမွေးနေ့ဆုတောင်းပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း လက်ဆောင်ပြန်ပေးစရာရှိသေးတယ်တဲ့။

‘’ကာယကံရှင် ကျွန်တော် ကိုယ်တိုင်ထက် ကျွန်တော့်မွေးနေ့ကို အမြဲသတိတရ  ရှိနေတဲ့ မိသားစု၊ သူငယ်ချင်း၊ ပရိတ်သတ်တွေနဲ့ ချစ်ခင်ရတဲ့သူအယောက်တိုင်းကို ကျေးဇူး ရှယ်တင်ပါတယ်ဗျို့။ YamilYတွေနဲ့ တွေ့စရာ အစီစဉ်မရှိပေမယ့် မနက်ဖြန် Birthday Treat အနေနဲ့ ကျွန်တော့်ဘက်ကပေးစရာ တစ်ခုရှိပါတယ်။ လောလောဆယ် ဟတ်ပီဘတ်ဒေးတူးမီပါ’’ ဆိုပြီးတော့ သြဂုတ်လ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့ပါတယ်။ ဘာလက်ဆောင်လေးဖြစ်မလဲ ဆိုတာကိုတော့ ရဲရင့်အောင်က မပြောပြခဲ့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြပါပြီတဲ့။

Photo: Yair Yint Aung

ရဲရင့်အောင်အတွက် အနုပညာ အသိုင်းအဝိုင်းက သူငယ်ချင်းများ၊ မိတ်ဆွေများနဲ့ ပရိသတ်များစွာတို့က Comment ကနေတဆင့် မွေးနေ့ဆုတောင်းပေးထားကြပါသေးတယ်။ သူဟာ ပရိသတ်တွေအတွက် သီချင်းအခွေအသစ်ထွက် နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒီအခွေအသစ် ကို အရမ်းကောင်းစေချင်တဲ့ ဆန္ဒကြောင့် စိတ်ဖိစီးမှုတွေ ခံစားနေရတယ်ဆိုပြီးတော့Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

'' အခွေနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ဖိစီးနေတယ်ဆိုတာက ကျွန်တော်က အရမ်းကောင်းချင်တာဗျ။ ဒါပေမယ့် ကျွန်တော့် ခန္ဓာကိုယ်က အဲ့ဒီလောက်ကောင်းအောင် မလုပ်နိုင်ဘူး အဲ့ဒါကြောင့်လည်း စိတ်ဖိစီးရတယ်။ အဲ့ဒါကြောင့်လည်း ကြာနေတာ အခွေက သူငယ်ချင်းတွေ ကလည်းပြောပါတယ် အဲ့ဒီလောက် စိတ်ဖိစီးစရာမလိုဘူးပြောတယ်၊ ဒါပေမယ့် သူ့ဘာသာသူ ဖြစ်နေတာ'' လို့ ဆိုပါတယ်။

Photo: Yair Yint Aung

သီချင်းအသစ်တွေကို ဖန်တီးနေတဲ့ ရဲရင့်အောင်ဟာ သူ့ရင်ထဲကထွက်လာတဲ့ သီချင်းပုံစံလေးတွေကို ပရိသတ်အတွက် ချပြနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒီသီချင်းတွေ မဖန်တီးရသ၍ တစ်ကိုယ်တော်ဖျော်ဖြေပွဲမလုပ်ဘူးလို့လည်း သူက ဆက်လက် ပြောပြခဲ့သေးတာပါ။

'' ပရိသတ်ကို ကျွန်တော်ဆိုပြချင်တာတွေ အများကြီးရှိသေးတယ်။ တချို့သီချင်းတွေကို ကျွန်တော်ဖန်တီးလိုက်တယ် ဒါတွေက One Man Show လုပ်တဲ့အခါ ကျွန်တော်ဆိုပြချင်တာ လေးတွေပေါ့နော်။ ကျွန်တော်ရင်ထဲကနေ ချပြချင်တဲ့ သီချင်းပုံစံလေးတွေလည်း ရှိသေးတယ်။ ဒါတွေကို မဖန်တီးရသေး သ၍ One Man Show မလုပ်ဘူး'' လို့ သူကဆိုပါတယ်။

Photo: Yair Yint Aung

ရဲရင့်အောင်ကိုတော့ ‘’ငါ့နေရာ’’ ဆိုတဲ့ Music Video လေးကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူဟာ ရင်ထဲက လာသမျှ ခံစားချက်ကို သီချင်းအဖြစ် ပုံဖော်ခဲ့တာ အများဆုံးဖြစ်တဲ့အတွက် လူငယ်အကြိုက်တွေနဲ့လည်း ထပ်တူကျတဲ့ သီချင်းက ပိုများပါတယ်။ လက်ရှိမှာလည်း ဂီတအလုပ်တွေသာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က