သုံးသိန်းကျပ် လှူခဲ့တာတဲ့။
Ei Ei Myat

အေးသောင်းက မွေးနေ့မှာ အလှူတွေ အများကြီးလုပ်နေတာ တွေ့ရပါတယ်။ ဆေးကုသမှု ခံယူနေရတဲ့ ကစ်ကစ်ဆီကိုလည်း ဆေးဖိုးတွေ သွားလှူခဲ့ပါတယ်။

 

Photo : မာတင်ဆွေ

ဒီနေ့က အေးသောင်းရဲ့ အသက်(၃၅) နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။မွေးနေ့မှာ Fan တွေနဲ့အတူ မွေးနေ့အလှူတွေ အများကြီး ပြုလုပ်ခဲ့ပါသေးတယ်။ မနက်အစောကြီးကတည်းက ရန်ကုန်ဆေးရုံကြီးက လူနာတွေကို အလှူလုပ်ခဲ့ပြီး ဟယ်လ်ပင် ကလေးဆေးရုံမှာလည်း လိုအပ်တာတွေလှူဒါန်းခဲ့ပါတယ်။ ထို့နောက် ဆေးကုသမှု ခံယူနေရတဲ့ သရုပ်ဆောင် ကစ်ကစ်ဆီ သွားတွေ့ပြီး ဆေးဖိုးတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။ ကြိုမပြောထားဘဲ ရောက်လာတဲ့ အေးသောင်းကြောင့် ကစ်ကစ်တစ်ယောက် ပျော်သွားခဲ့ပါတယ်။

Photo : အေးသောင်း

အေးဝတ်ရည်သောင်းဟာ မွေးနေ့မရောက်ခင်ကတည်းက အလှူအတန်းတွေ ပြုလုပ်ခဲ့တာပါ။ မေလ(၂၆) ရက်နေ့ကတည်း မွေးနေ့အလှူအတွက် ပဲခူးက ဘုရားကျောင်းမှာ မယ်တော်ဆင်းတုလေး လှူခဲ့ပါသေးတယ်။အဲဒီအလှူလေးက ဖခင်ကသူမအမွေးနေ့အတွက် လုပ်ပေးတဲ့ အလှူလေးဖြစ်တယ်လို့ ဆိုပါတယ်။

"တနင်္ဂနွေနေ့ ဖေဖေက မွေးနေ့အတွက်ရည်စူးပြီး ပဲခူးကဘုရားကျောင်းမှာ မယ်တော်ဆင်းတုလေးလှူပေးပါတယ်။ ပြီးတော့ ဘုရားကျောင်းသူတွေအတွက်နေ့လည်စာလည်းကျွေးခဲ့ပါတယ်ရှင့်။ မွေးနေ့ကတော့မနက်ဖြန်မှပါ။ ညနေကျရင် ကျောင်းသုံးပစ္စည်းလေးတွေထပ်လှူဖို့ရှိပါသေးတယ်ရှင့်” ဆိုပြီး မေလ(၂၆) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : အေးသောင်း

ဆယ်ကျော်သက်အရွယ်မှာ ဆံပင်ရှည်လေးနဲ့ အေးဝတ်ရည်သောင်းအဖြစ် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ ၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။


က္က