စက်တင်ဘာလမှ မွေးနေ့ ရောက်မှာပါ။
Sabal Thwin

မယ်လိုဒီတစ်ယောက် စက်တင်ဘာလမှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့အတွက် အခုကတည်းက လက်ဆောင်တွေ ကြိုရောက် နေပြီလို့ ဆိုပါ တယ်။ မကြာခင်ကျရောက်တော့မယ့် မွေးနေ့မှာလည်း အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်း သွားမယ်လို့ သူကပြောပါတယ်။

37050830_1766797003409618_5352797322730274816_n.jpg

Photo: Amazing Grace

 

သရုပ်ဆောင် မယ်လိုဒီက မွေးနေ့မရောက်ခင်ကတည်းက လက်ဆောင်တွေ ရနေပြီလို့ ဆိုပါတယ်။ သူ့ရဲ့ မွေးနေ့ကတော့ စက်တင်ဘာလ မှ ပါ လို့ ပြောပြထားပါသေးတယ်။ မွေးနေ့ လက်ဆောင်တွေ ကြိုရောက်နေလို့လည်း ဝမ်းသာနေတဲ့ အကြောင်း မယ်လိုဒီက ဆက်လက်ပြောပြ ထားပါသေးတယ်။

'' မွေးနေ့က စက်တင်ဘာလမှရောက်မှာဖြစ်သော်၊ သြဂုတ်လကတည်းက လက်ဆောင်များရရှိနေပါကြောင်း။ ဖီလင် ကြည်နူးပီတိ ဂွမ်းဆီထိ အဟိ အဟိ။ တကူးတက ပို့ပေးလို့ ကျေးဇူးပါ mei mei ရေကောင်းကောင်းစား ကောင်းကောင်းသုးံပါမယ်ရှင်'' ဆိုပြီးတော့ သြဂုတ်လ ၂၇ ရက် နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

33216204_1701101223312530_8551968017406230528_n.jpg

Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

မယ်လိုဒီကတော့ ပိုက်ဆံအိတ်၊ ဖိနပ် နဲ့ မုန့်တွေကို သူ့ရဲ့ သူငယ်ချင်းက မွေးနေ့လက်ဆောင်အဖြစ်ရရှိခဲ့တာဖြစ်ပါတယ်။  သူ့အနေနဲ့ အခု လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်နေတဲ့အပြင် သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ နေကြာစေ့လည်း ရောင်းနေတာ ဖြစ်ပါတယ်။ ရောင်း လို့ ရတဲ့ ပိုက်ဆံတွေကိုလည်း သူ့ရဲ့ မွေးနေ့မှာ အလှူလုပ်သွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ဖူးပါ တယ်။

33990066_1707078522714800_7820662303828738048_n.jpg

Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

မယ်လိုဒီဟာ စက်တင်ဘာလ ၆ ရက်နေ့ဆိုရင် အသက် ၃၆ နှစ်ပြည့်ပါပြီ။ အသက် ၃၅ နှစ်ပြည့် မွေးနေ့တုန်းကလည်း ပြင်ဦးလွင်မှာ ရှိတဲ့ ဓမ္မသဟာယ သာသနာ့စင်တာမှာ တစ်နေ့လုံးစာ အာဟာရ အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ရေဘေး ဒဏ်ဖြစ်နေတဲ့ ပြည်သူတွေအတွက်ကိုလည်း ထပ်မံလှူဒါန်းသွားဦးမယ်လို့ သိရပါတယ်။

နေကြာစေ့ရောင်းရတာ မရှက်ပါဘူးလို့ ဆိုလိုက်တဲ့ မယ်လိုဒီ 

မယ်လိုဒီ့မှာတော့ သစ္စာရှိပြီး အလုပ်ကြိုးစားတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သားလေးရယ် ပိုင်ဆိုင်ထားပါတယ်။ သားလေးကတော့ အခုဆိုရင် ၃ နှစ်ကျော်အရွယ်ရောက်နေပါပြီ။ မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က