သူမရဲ့ မွေးနေ့က ဇွန်လ ၂၆ ရက်နေ့ပါ။

မိုးဟေကိုက သူမရဲ့ မွေးနေ့အကြိုအဖြစ် ရန်ကုန်ဆေးရုံကြီးမှာ အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ သူမရဲ့ မွေးနေ့ကတော့ ဇွန်လ ၂၆ ရက်နေ့ဖြစ်ပါတယ်။

Photo: Li John



သရုပ်ဆောင် မိုးဟေကိုက သူမရဲ့ မွေးနေ့ မတိုင်ခင်မှာ အလှူအတန်းတွေ လုပ်နေတာ တွေ့ရပါတယ်။ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာလည်း ရန်ကုန်ဆေးရုံကြီးမှာ အလှူတွေ လုပ်ခဲ့ပါတယ်။ သူမရဲ့ မွေးနေ့ကတော့ ဇွန်လ ၂၆ ရက်နေ့ ဖြစ်ပါတယ်။

‘’မိုးရဲ့မွေးနေ့နားနီးတော့ မွေးနေ့ အလှူဒါနအဖြစ် မနက်ပိုင်းစောစော ရန်ကုန်ဆေးရုံကြီးမှာ လူ၆၀၀စာ မနက်စာဆန်ပြုတ် နဲ့ နေ့လည်စာ ကြက်ကြော်နဲ့ထမင်း များကို ရွှေကြာပရဟိတလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူများရဲ့ ကူညီပေးမှုနဲ့အတူ ကိုယ်တိုင်သွားရောက် လှူဒါန်းဖြစ်ခဲ့တယ်’’ ဆိုပြီးတော့ ဇွန်လ ၁၇ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ Facebook Page မှာ ရေးသားခဲ့ပါတယ်။

Photo: Li John

အဲဒီနောက် အလှူအမှတ်တရ ဓာတ်ပုံတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။ အဲဒီနောက် ကလေးအယောက် ၂၀၀ အတွက် ဆေးဖိုးအလှူငွေတွေကိုလည်း ပေးအပ်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

‘’ပြီးတော့ ရန်ကုန်ကလေးဆေးရုံကြီးမှာ လည်း ကလေးအယောက်၂၀၀အတွက် ဆေးဖိုးအလှူငွေပေးဖြစ်ခဲ့တယ်။ မိုးအခုလို အလှူဆန္ဒလေး ဖြစ်မြောက်အောင် မအားလပ်တဲ့ ကြားကနေ ရှေ့ဆောင်လမ်းပြ ကူညီဆောင်ရွက်ပေးတဲ့ မိုး ချစ်ရတဲ့ ဆရာဂျွန်ကိုလည်း ကျေးဇူးတင်ပါတယ်’’ လို့လည်း ဆက်လက်ရေးသားထားပါတယ်။

Photo: Li John

မိုးဟေကိုက မိခင်ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတဲ့အပေါ် ပရိသတ်တွေ နားလည်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ကျန်းမာရေး ပြန်ကောင်းတဲ့အချိန်ကျရင် အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

‘’အမေ့ရဲ့ ကျန်းမာရေးကတော့ သေချာဂရုစိုက်နေရတုန်းပေါ့နော်။ အရမ်းကြီးကောင်းတဲ့အထဲမှာတော့ မပါဘူး။ အခုထက်တော့ မဆိုးသွားအောင် သေချာ ဂရုစိုက်နေရတာပေါ့။ အလုပ်တွေ သိပ်မလုပ်ဖြစ်တာကလည်း မိဘရဲ့ ကျန်းမာရေးအကြောင်းကြောင့် နားလည်ပေးကြပါ။ ဒါလေးကြောင့် ကားရိုက်တွေနဲ့ ဝေးကွာနေတယ်။ နောက်ပိုင်းတော့ အချိန်ပြန်ပေးဖြစ်မှာပါ’’ လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

Photo: Li John

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က