ကြည်နူးဖို့ ကောင်းလိုက်တာ။

ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေရဲ့ မွေးနေ့က ဒီနေ့ပါ။ ခိုင်နှင်းဝေက မွေးနေ့မှာ သူမရဲ့ ပရဟိတအသင်းအဖွဲ့နဲ့အတူ အလှူအတန်းတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။

Photo : ခိုင်နှင်းဝေ



ဒီနေ့(မတ်လ၁၄ရက်)နေ့က သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ မွေးနေ့လေးဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာ မနက်ခင်း အစောကတည်းက ရွှေတိဂုံဘုရားသို့ သွားပြီး ပန်း၊ ရေချမ်း၊ဆီမီးများဆပ်ကပ် လှူဒါန်းခဲ့သလို သံဃာများနဲ့ သီလရှင်များကိုလည်း အလှူဒါနလေး ပြုခဲ့တယ်လို့ ဆိုပါတယ်။

“ယနေ့မှာကျရောက်တဲ့ ကျွန်မရဲ့ မွေးနေ့အခါသမယမှာ ဘုန်းဘုန်းများနှင့် သီလရှင် များအား ဖိနပ် သဘက် နှင့် ဆပ်ပြာတုန်းများ ကပ်လှူပူဇော် ရင်း ရန်ကုန် မန္တလေး ဘားအံ မြို့တွေမှာ ရှိကြတဲ့ Our Princess KHW Group မှ အဖွဲ့သား တွေစုပေါင်းပြီး ရွှေတိဂုံဘုရား စနေထောင့်မှာ ပန်းစေတီ နှင့် သစ်သီး ၂၀၅ လုံးများ ကပ်လှူပူဇော်ပြီး စိပ်ပုတီး နေ့နံအလိုက် အမွှေးတိုင် ဖယောင်းတိုင် တို့ကို မည်သူမဆို ယူဆောင် ပူဇော် နိုင်ရန်အတွက် နှင့် ဆရာတော်ဘုရားများအတွက် ယပ်တောင် အနေကထိုင် တို့ကို လှူဒါန်းနိုင်ရန် ပြင်ဆင်ပေးထားကြလို့ အတိုင်းမသိ ဝမ်းသာပီတိ

ဖြစ်မိပါတယ်ရှင်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၁၄) ရက်နေ့ မနက်(၁၀)နာရီလောက်က ရေးသားထားပါတယ်။

Photo : ခိုင်နှင်းဝေ

ဆက်လက်ပြီးတော့ ဒီနေ့မှာလည်း မွေးနေ့အလှူအနေနဲ့ သူမရဲ့ ပရဟိတအသင်းနဲ့အတူ လှူဒါန်းမှုတွေ ဆက်လက်ပြုလုပ်သွားဦးမယ်လို့ ဆိုပါတယ်။ အပ်ချုပ်စက် အလုံး(၁၀၀) လှူဒါန်းသွားမှာ ဖြစ်ပြီး သူမလှူဒါန်းထားတဲ့ လှည်းကူးက ပရဟိတကျောင်းမှာ ရှိတဲ့ ကလေးများနဲ့အတူ မွေးနေ့ကိတ်ခွဲသွားမယ်လို့လည်း သိရပါတယ်။

Photo : ခိုင်နှင်းဝေ

ခိုင်နှင်းဝေက မကြာသေးခင်ကမှ မိဘမဲ့ရင်သွေးလေးတွေဖြစ်ကြတဲ့ သားလေး ၃ ယောက်ကို ပိုင်ဆိုင်ခွင့်ရလိုက်ပြီဖြစ်ပါတယ်။ ဒီအတွက် သားတွေအပေါ် ထားတဲ့ သူမရဲ့ ရည်မှန်းချက်တွေကိုလည်း ဆက်လက်ပြောပြထားပါတယ်။ 

‘’သားလေးတွေ နေဖို့ အမေ အိမ်လေးတစ်လုံးဆောက်နိုင်အောင် သားလေးတို့ကို ပညာတတ်ကြီး ဖြစ်အောင် ကျောင်းထားနိုင်အောင် သားလေးတို့ ဆာလောင်မှုဒဏ်ကို မခံစားရခင် အမေ ကျွေးနိုင်အောင် ရှိတဲ့အားတွေနဲ့ အားတင်းပြီး ရှေ့ဆက်နေတယ်နော်။ အမေ့ မေတ္တာတွေကြောင့် သားလေးတို့ ဘဝတစ် လျှောက်လုံး အေးချမ်းနေမှာ ယုံကြည်လျှက် သားလေးတို့ရဲ့Strong Mommy ခိုင်နှင်းဝေ’’ လို့ သူကပြောပြထားပါတယ်။

Photo : ခိုင်နှင်းဝေ

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ် ဆောင်ရွက်လေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က