ဒီနေ့ကတော့ သူ့ရဲ့ မွေးနေ့ဖြစ်ပါတယ်။
Sabal Thwin

မိုရီဆာကီဝင်း ကတော့ အသက် ၂၉ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာ အလှူလုပ်ပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။

Photo: Win_morisaki_official

ဒီနေ့(သြဂုတ်လ ၂၀) ရက်နေ့ကတော့ ပရိသတ်အချစ်တော် မင်းသားချောလေး မိုရီဆာကီဝင်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူဟာ အသက် ၂၉ နှစ်ပြည့်ပါပြီ။ ဒီ့အတွက် မိဘနှစ်ပါးနဲ့အတူ ပရိသတ်တွေ၊ မိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်စကားပြောလာပါတယ်။

‘’ အားလုံး မင်္ဂလာပါ ခင်ဗျ။ ကျွန်တော် အဝင်းပါ ခင်ဗျာ။ ဒီနေ့ ကျွန်တော့်ရဲ့ မွေးနေ့ ၂၉ နှစ်ပြည့်သွားပါပြီခင်ဗျာ။ ကျွန်တော့်ကို မွေးပေးတဲ့ အဖေ၊ အမေကို ကျေးဇူးတင်ပါတယ်။ ဒီကနေပြီးတော့ ကျွန်တော် ကန်တော့ပါတယ်ခင်ဗျ။ ပြီးတော့ ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်တွေကို အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျ။ ကျွန်တော်နဲ့အတူတူအလုပ်လုပ်ပေးနေတဲ့ အလုပ်နဲ့ပတ်သက်တဲ့ အစ်ကို၊ အစ်မတွေကိုလည်း ကျေးဇူးတင်ပါတယ်’’ဆိုပြီးတော့ သြဂုတ်လ ၂၀ ရက်နေ့ ညနေ ၃ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဗီဒီယိုဖိုင်လေးတင်ရင်း ပြောပြလာတာဖြစ်ပါတယ်။

Photo: Win_morisaki_official

အဲဒီနောက် အဝင်းက သူ့ရဲ့မွေးနေ့မှာ အလှူလုပ်ပေးခဲ့ကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ အဝင်းရဲ့ ဗီဒီယိုဖိုင်လေး အောက်မှာလည်း ပရိသတ်များစွာတို့က မွေးနေ့ဆုတောင်းစကားတွေ ပြောခဲ့ကြတာ တွေ့ရပါတယ်။

‘’ အသက် ၂၉ နှစ်ပြည့်သွားတဲ့အတွက် နောက်ပိုင်းမှာ ဒီ့ထက် ပိုပြီးတော့ ကြိုးစားသွားပါမယ်။ အဲဒါကြောင့် ပရိသတ်တွေ ဒီ့ထက်ပိုပြီးတော့ ကျွန်တော့်ကို အားပေးကြပါခင်ဗျ။ ကျွန်တော့်မွေးနေ့မှာ အလှူလုပ်ပေးကြတယ်လို့ ကြားတယ် ဒီကနေပြီးတော့ သာဓု ခေါ်ပါတယ်ခင်ဗျာ။ ကျေးဇူးလည်း တင်ပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Photo: Win_morisaki_official

မိုရီဆာကီဝင်း(Win_morisaki_official)ဟာ ဇာတိမြေရုပ်ရှင်ဇာတ်ကားကြီး ကနေ စပြီး မြန်မာပြည်ကပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တာဖြစ်ပါတယ်။ အဝင်းက မြန်မာနိုင်ငံ သားတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ မြန်မာသီချင်းကိုလည်း ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုနေတာကို တွေ့ရပါတယ်။သူဟာ ဂျပန်နိုင်ငံမှာပဲ PrizmaX ဆိုတဲ့ Boys Band နဲ့ အတူ အနုပညာအလုပ်တွေလုပ်နေတာပါ။ အဝင်းပါဝင်တဲ့ PrizmaX ဂီတအဖွဲ့ကလည်း ဂျပန်နိုင်ငံမှာ အောင်မြင်မှုများစွာရရှိနေတဲ့ အဆိုတော်အဖွဲ့ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က