လုံးဝ Surprise ပါပဲ။

အဆိုတော် ထွန်းထွန်းက သူ့ရဲ့ မွေးနေ့မှာ သူ့ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ အကြောင်း ပရိသတ်တွေကို ပြောပြလိုက်ပါတယ်။

Photo : ဆုစန္ဒီဦး FB



အဆိုတော် ထွန်းထွန်းက သူ့ရဲ့ မွေးနေ့မှာ ပရိသတ်တွေ မထင်မှတ်ထားတဲ့ သတင်းတစ်ခုကို ပြောပြလိုက်ပါတယ်။ အဲ့ဒါကတော့ သူနဲ့ သူ့ကောင်မလေး သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းပါ။

“ကျွန်တော့် မွေးနေ့မှာ အခုလိုတွေပြောပြရတော့ စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေး သဘောထားချင်းမတိုက်ဆိုင်တော့လမ်းခွဲလိုက်ကြပါပြီ။” ဆိုပြီး ဒီဇင်ဘာ(၂၄) ရက်နေ့ မနက်(၁၀)နာရီခွဲဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

Photo : ဆုစန္ဒီဦး FB

သူ့ရဲ့ အချစ်ရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း မီဒီယာတွေ ဘာမှ မမေးဖို့ကိုလည်း တောင်းဆိုထားပါသေးတယ်။ “အင်တာဗျူးဆရာ/ဆရာမများလည်း ကျွန်တော့်အချစ်ရေးကို ဘာမှ မမေးဖို့ တောင်းဆိုပါတယ်ဗျာ” ဆိုပြီး ဆက်လက်ရေးသားထားပါတယ်။ သူ့ရဲ့ အချစ်ရေးက သာသာယာယာရှိလှတာကြောင့် ပရိသတ်တွေက ဒီကိစ္စကို မယုံကြပါဘူး။


Photo : ထွန်းထွန်း FB

ဒါပေမယ့် ထွန်းထွန်းရဲ့ ကောင်မလေး ဆုစန္ဒီဦးရဲ့ ဖေ့စ်ဘွတ်မှာလည်း ထွန်းထွန်းနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ အကြောင်းကို ဒီဇင်ဘာ(၂၃) ရက်နေ့ ညက ရေးသားထားတာတွေ့ရပါတယ်။

“သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲလိုက်ပါပြီ.. နစ်နာသူအားလုံးကိုတောင်းပန်ပါတယ်..” ဆိုပြီး ပြောထားတာပါ။ ပရိသတ်တွေကတော့ အရမ်းချစ်ကြတဲ့ သူတို့နှစ်ဦး လမ်းခွဲလိုက်တာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်လို့နေပါတယ်။သူတို့နှစ်ယောက်ဟာ ချစ်သူသက်တမ်း (၁)နှစ်နဲ့ လေးလအကျော်မှာ လမ်းခွဲလိုက်ကြတာပါ။

Photo : ထွန်းထွန်း FB

ထွန်းထွန်းကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်နေတာကို တွေ့ရပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ် ကားကြီး တွေကလည်း ရုံတင်ခဲ့ပြီးတာတွေရှိသလို ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဂီတလောကမှာ Examplez အဖွဲ့ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က