သစ်တံခါးကျောင်းမှာ ဝတ်ခဲ့တာပါ။

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးလေးကတော့ ဒုတိယအကြိမ် သီလရှင် ထပ်ဝတ်ခဲ့ပါတယ်။ သူမရဲ့ မွေးနေ့မှာ သီလရှင်ဝတ်ပြီးကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

 

Photo : နန်းစန္ဒာလှထွန်း

ဇွန်လ(၂၂) ရက်နေ့က သရုပ်ဆောင် နန်းစန္ဒာလှထွန်းရဲ့ မွေးနေ့လေးပါ။ သူမရဲ့ မွေးနေ့မှာ သစ်တံခါး ဆရာတော်ဆီ အဓိဌာန်ထားတဲ့အတိုင်း သီလရှင်ဝတ်ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အခုလိုမျိုးမွေးနေ့မှာ သီလရှင်ထပ်ဝတ်ပြီး ကုသိုလ်ပြုခွင့်ရတဲ့အတွက်လည်း သူမမှာ ပျော်လို့နေပါတယ်။

“ဒီနှစ်မွေးနေ့လေးတော့ ကုသိုလ်ကောင်းမူလေးတွေပဲ လုပ်ဖြစ်တယ် ။ ဆရာတော်ဆီမှာ အဓိဠာန်ထားတဲ့ အတိုင်း သစ်တံခါးကျောင်းမှာ ဆရာလေးထပ်ဝတ်ဖြစ်တယ်။ ၇ရက်သားသမီးများအားလုံး အတွက်လည်း ဆုတောင်းမေတ္တာပို့ပေးခဲ့တယ် အခုလို ကုသိုလ်တွေလုပ်ဖြစ်အောင် အမြဲတမ်းပါရမီဖြည့်ပေးတဲ့သူတွေ မေမေ ကိုကျေးဇူးတင်ပါတယ်နော်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၂) ရက်နေ့ညပိုင်းလောက်က ရေးသားထားတာတွေ့ရပါတယ်။

Photo : နန်းစန္ဒာလှထွန်း

သူမဟာ မွေးနေ့မှာ သီလရှင်ဝတ်ပြီး ကုသိုလ်ယူတဲ့အပြင် သစ်တံခါးကျောင်းမှာ ကျောင်းနားရှိ ပရိသတ်တွေအားလုံးအတွက်လည်း စတုဒီသာအလှူလုပ်ခဲ့ပါသေးတယ်။ သူမအနေနဲ့ ဒီနှစ်ထဲတွင် သီရှင်ဝတ်တာ (၂)ခါတိတိရှိသွားခဲ့ပါပြီ။ ၂၀၁၉ခုနှစ်၊ဧပြီ(၂၀)တုန်းကလည်း ကျိုက်ထိုမှာ ရှိတဲ့ အမတဒါယီလှတင်ဓမ္မဗိမာန်တော်ကြီးမှာ (၅)ရက်ကြာ သီလရှင်ဝတ်ခဲ့ပါသေးတယ်။  နန်းစန္ဒာလှထွန်းဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်မကြာခဏ ပြုလုပ်တတ်သူ တစ်ယောက်ပါ။ သူမကိုတော့ ပရိသတ်တွေက ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် သိရှိအားပေးခဲ့ကြတာများပါတယ်။အခုဆိုရင်တော့ ပရိသတ်အချစ်များစွာတို့ကိုလည်း ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။

Photo : နန်းစန္ဒာလှထွန်း

သူမဟာ Miss Myanmar world 2015 2nd Runner up ရရှိထားသူလည်း ဖြစ်ပါတယ်။အခု ဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အားရတာမျိုးတော့ မရှိသေးပေမဲ့ အားလုံးက လက်တွဲခေါ်တဲ့အတွက် အဆင်ပြေတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က