လေးစားဖို့ကောင်းလှပါတယ်။

သရုပ်ဆောင် ခင်လှိုင်ရိုက်ကူးမယ့် “ချိုးရုပ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကွယ်လွန်သူ ဦးကုသိုလ်ရဲ့ စကားလုံးတချို့ကို အသုံးပြုမှာ ဖြစ်လို့ ဦးကုသိုလ်ရဲ့ ဇနီးဖြစ်သူကို အနုပညာကြေးပေးအပ်ရင်း ကန်တော့ခဲ့တာပါ။

Photo : ထွန်းထွန်းဝင်း



ဒီနေ့(ဧပြီ၁၇ရက်)က သရုပ်ဆောင်ခင်လှိုင်ရဲ့ မွေးနေ့ပါ။ အသက်(၅၂)နှစ်ပြည့် မွေးနေ့လို့လည်း သိရပါတယ်။ ခင်လှိုင်က သူ့ရဲ့ မွေးနေ့မှာ သူကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးမယ့် “ချိုးရုပ်” ရုပ်ရှင်ဇာတ်ကားကြီးကိုု မီဒီယာတွေကို မိတ်ဆက်ပေးခဲ့ပါသေးတယ်။ ထို့အပြင် ချိုးရုပ်ရုပ်ရှင်ဇာတ်ကားထဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ကုသိုလ်ရဲ့ စကားလုံးတချို့ကို ယူသုံးမှာဖြစ်လို့ ကုသိုလ်ရဲ့ ဇနီးဖြစ်သူကို အနုပညာကြေး သွားရောက်ပေးအပ်ရင်း ကန်တော့ခဲ့ပါသေးတယ်လို့ သိရပါတယ်။

Photo : ထွန်းထွန်းဝင်း

“ဦးKhin Hlaingရဲ့၅၂နှစ်မြောက်မွေးနေ့ကိုသွားရောက်ခဲ့ပါတယ်။ကိုခင်လှိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးတော့မယ့် ချိူ းရုပ်အကြောင်းပြောနေရင်းနဲ့ချိူ းရုပ်ဇာတ်ကားမှာဦးကုသိုလ်ရဲ့စကားလုံးအချို့ပါဝင်တာကြောင့်သရုပ်ဆောင်ကိုကုသိုလ်ရဲ့ဇနီးဖြစ်သူကိုအနုပညာကြေးပေးအပ်တဲ့တာဝန်သိလူရွှင်တော် ကိုခင်လှိုင် လေးစားပါသည်။ဧည့်ဝတ်ကျေပွန်တဲ့ ကိုစိစိ ကိုလည်းကျေးဇူးတင်ပါသည်။” ဆိုပြီး ဦးထွန်းထွန်းဝင်းရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၁၇) ရက်နေ့က ရေးသားထားပါတယ်။

Photo : ထွန်းထွန်းဝင်း

ခင်လှိုင်ကိုယ်တိုင် ရိုက်ကူးမယ့် ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်မြင့်မြတ်၊ အိချောပိုနဲ့ အခြားသော သရုပ်ဆောင်တွေ များစွာ ပါဝင်ထားတယ်လို့လည်း သိရပါတယ်။

ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo :ဂွမ်းပုံလေး

အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။ဒီနေ့ သူ့ရဲ့ မွေးနေ့မှာလည်း နေအိမ်မှာ စတုဒီသာအလှူတွေ ပြုလုပ်ခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က