ဇူလိုင်လ ၂၇ ရက်နေ့က သူမရဲ့ မွေးနေ့ဖြစ်ပါတယ်။

ဝါဆိုမိုးဦးဟာ သူမရဲ့ အသက် ၂၅ နှစ်ပြည့်မွေးနေ့မှာ ပရိသတ်တွေကို သီချင်းအသစ်လေး လက်ဆောင်ပေးမယ်လို့ ဆိုပါတယ်။


Photo: HK

ဝါဆိုမိုးဦးက ဇူလိုင်လ ၂၇ ရက်နေ့မှာ ကျရောက်မယ့် သူ့မရဲ့ မွေးနေ့မှာ ချစ်ရတဲ့ ပရိသတ်တွေကို သီချင်းအသစ်လေးတစ်ပုဒ် မိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။ အဲဒီနေ့ဟာ ဝါဆို့ အတွက်တော့ အသက် ၂၅ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။

‘’ဝါဆိုရဲ့မွေးနေ့လက်ဆောင်အနေနဲ့ သီချင်းလေးတစ်ပုဒ် လက်ဆောင်ပေးမယ်နော် မနက်ဖန် profile ပုံလေးတွေ၂၇ ရက်နေ့အတွက်အတူတူချိန်ကြမယ်နော်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: KPY

၂၀၁၈ ခုနှစ်ဇူလိုင်လ ၂၇ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဝါဆိုမိုးဦးရဲ့ အသက် ၂၄ နှစ်ပြည့် မွေးနေ့တုန်းကလည်း ရန်ကုန်မြို့ ဟယ်ပင်ကလေးဆေးရုံမှာရှိတဲ့ လူနာနဲ့ လူနာရှင်တွေ၊ ဝန်ထမ်းတွေအတွက် အလှူအတန်းတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ဝါဆိုမိုးဦးကိုတော့ ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။


ခုဆိုရင်တော့ သူမရဲ့ အနုပညာသက်တမ်းဟာ ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့ လာခဲ့ပါပြီ။ လက်ရှိမှာလည်း ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် အဆိုတော် တစ်ဦးပါ။ အခုဆိုရင်တော့ ချစ်သူဖြစ်တဲ့ အဆိုတော် ဖြိုးလေး(Snare) နဲ့ အတူ ဂီတအလုပ်တွေ လုပ်နေပြီဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ ချစ်သူသက်တမ်းကလည်း ၃ နှစ်ကျော်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။

Photo: KPY

ဝါဆိုမိုးဦးဟာ တီဗီကြော်ငြာပေါင်းများစွာ၊ ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကို ရိုက်ကူးခဲ့ဖူးတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ သူမကိုတော့ ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဂီတအလုပ်နဲ့ ပတ်သက်ပြီး သီချင်းတွေဆိုရင်း ‘’မိုက်လား ပြောကြည့်’’ တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။

Share

Loading Next Article...
က္က