နှင်းဆီအဖွဲ့သားတွေနဲ့ ဇနီးလေးက Surprise လုပ်ပေးခဲ့တာပါ။

ကျော်ကျော်ဗိုရဲ့ မွေးနေ့က ဒီနေ့ပါ။ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ ချစ်ဇနီးရဲ့ မွေးနေ့ Surprise ကြောင့် အပျော်ကြီး ပျော်လို့နေပါတယ်။

Photo : ပတ္တမြားကေခိုင်



ဒီနေ့(ဧပြီ၁၇ရက်) နှစ်ဆန်း(၁) ရက်နေ့က သရုပ်ဆောင် ကျော်ကျော်ဗိုရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာ နှင်းဆီအဖွဲ့သားတွေနဲ့ ဇနီးသည်က မွေးနေ့ Surprise လုပ်ပေးခဲ့ပါတယ်။ သူအရမ်းလိုချင်တဲ့ စက်ဘီးလေးနဲ့ မွေးနေ့ Surprise လုပ်ပေးခဲ့တာပါ။ မွေးနေ့လေးမှာ သူငယ်ချင်းတွေနဲ့ ပျော်နေပုံကိုလည်း သဘင်အစည်းအရုံးရဲ့ ပြန်ကြားရေး ပတ္တမြားကေခိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ပုံလေးတွေတင်ရင်း ယခုလို စာလေး ရေးထားတာတွေ့ရပါတယ်။

“Happy birthday သယ်ရင်း ဇာက သူလိုချင်နေတဲ့ စက်ဘီးလေးပေးလို့ ပျော်တာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၁၇) ရက်နေ့ မနက်ပိုင်းက ရေးထားတာဖြစ်ပါတယ်။

Photo : ပတ္တမြားကေခိုင်

ကျော်ကျော်ဗိုဟာ နှင်းဆီအဖွဲ့သားတွေနဲ့အတူ နေပြည်တော် Sky Net မဏ္ဍပ်မှာ သင်္ကြန်(၄) ရက်စလုံး သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။ ကျော်ကျော်ဗိုဟာ ၂၀၁၈ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့ပါတယ်။ ကျော်ကျော်ဗိုဟာ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ဝါသနာပါတဲ့ အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေအတွက်အကောင်းဆုံး ကြိုးစားနေတဲ့ သရုုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ပတ္တမြားကေခိုင်

သူဟာ နိုင်ငံကျော်ရွှေမန်းဦးတင်မောင်၊ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်း တို့ရဲ့ အနုပညာမျိုးစက်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေ ရှိခဲ့ပါသေးတယ်။



က္က