သြဂုတ်လ(၆) ရက်နေ့က နေမင်းရဲ့ မွေးနေ့ပါ။

သရုပ်ဆောင် နေမင်းက မွေးနေ့လေးမှာ အလှူအတန်းတွေ များစွာ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းမှာ ရှိတဲ့ မိသားစုဝင်များကိုလည်း စားနပ်ရိက္ခာများ လှူဒါန်းခဲ့ပါသေးတယ်။

 

Photo : မြိုင်ကြီးငူ



နေမင်းကတော့ သြဂုတ်လ(၆) ရက်နေ့က အသက်(၃၆)နှစ်ပြည့်သွားခဲ့ပါပြီ။ သူ့ရဲ့ အသက်(၃၆)နှစ်ပြည့် မွေးနေ့မင်္ဂလာကိုလည်း မြိုင်ကြီးငူအထူးဒေသရှိ အေးလင်းသာ ယာကွင်း၊ အေးလင်းမြရှင်၊ ဂန္ဓကုဋိကျောင်းပေါ်မှာ သွားရောက်ပြုလုပ်ခဲ့ ပါတယ်။ မွေးနေ့အလှူအဖြစ် မြိုင်ကြီးငူ နန်းဦးဘေးမဲ့ေ တာရေ ကျာင်းတိုက်မှာ လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ပြီး စစ်ဘေးရှာင်မိသားစုတွေအတွက် စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

Photo : မြိုင်ကြီးငူ

စစ်ဘေးရှောင်ကလေးလေးတွေနဲ့အတူ မွေးနေ့ကိတ်များ ခွဲခဲ့ပြီး မွေးနေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ နေမင်းရဲ့ မွေးနေ့အလှူပုံရိပ်များကိုလည်း မြိုင်ကြီးငူဆရာတော် သာသနာပြုလုပ်ငန်း ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၆) ရက်နေ့က တင်ထားခဲ့ပါတယ်။ နေမင်းရဲ့ မွေးနေ့လေးမှာ သူ့ရဲ့ ပရိသတ်တွေ အနုပညာမောင်နှမတွေက မွေးနေ့ဆုတောင်းများစွာ တောင်းပေးထားကြတာလည်း တွေ့ရပါတယ်။

နေမင်းက မကြာခင်မှာ ဒါရိုက်တာ ညိုမင်းလွင်နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။ အဲဒီကားမှာ နေမင်းနဲ့အတူ ခင်ဝင့်ဝါတို့ ပါဝင်မှာ ဖြစ်ပြီး ဇာတ်ကားနာမည်က “နတ်ဖွက်ထားတဲ့ည” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလို့ ပေးထားပါတယ်။

Photo : မြိုင်ကြီးငူ

နေမင်းဟာ မိသားစု စီးပွားရေးဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအပြင် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း တာဝန်ယူ ဆောင်ရွက် နေရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဆောက်လုပ်ရေး လုပ်ငန်းဘက်မှာ ပိုပြီးတော့ တာဝန်ယူဆောင်ရွက်နေတယ်လို့ ဆက်လက်ပြောပြ ထားပါတယ်။

''ကျွန်တော်တို့ မိသားစုက ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေး ၂ ခုရှိတာဆိုတော့ ဆောက်လုပ်ရေးဘက်မှာ အချိန်ဖြုန်းနေတာများပါတယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့ က ၅၅ ကြိမ်မြောက် မြန်မာနိုင်ငံ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအခမ်းအနားမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Photo : နေမင်း

သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က