Ei Ei Myat

မကြာခင် ကျရောက်တော့မယ့် မွေးနေ့လေးမှာ အလှူအတန်းတွေ လုပ်ဖို့အတွက် ဖွေးဖွေးကတော့ ကြိုပြင်ဆင်လို့ နေပါတယ်။ ဖွေးဖွေးတို့ အိမ်က ချက်တဲ့ ဟင်းနဲ့ စတုဒီသာကျွေးမှာလို့ ဆိုပါတယ်။

 

Photo : Amazing Grace

ဖွေးဖွေးက သြဂုတ်လ(၉)ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့လေးမှာ စတုဒီသာကျွေးဖို့ ပြင်ဆင်လို့ နေပါတယ်။ သူမအိမ်က ချက်တဲ့ သီးစုပဲကုလားဟင်းနဲ့စတုဒီသာ ကျွေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း သူကိုယ်တိုင် စာရင်းပြုစုလို့နေပါတယ်။

“မွေးနေ့မှာ ဖွေးတို့ အိမ်ကချက်တဲ့ သီးစုံပဲကုလားဟင်း စတုဒီသာကျွေးမို့စာရင်းပြုစုနေစဉ်ရှလွတ်” ဆိုပြီး သြဂုတ်(၄) ရက်နေ့က ပြောထားပါတယ်။

သီးစုံပဲကုလားဟင်းထဲမှာ ဘာတွေထည့်မလဲ ဆိုတာကို သူမကိုယ်တိုင် စာရင်းပြုစုနေတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူမချက်မယ့် ဟင်းကို စားချင်နေကြပါတယ်။ 

Photo : ဖွေးဖွေး

ဖွေးဖွေးက လက်ရှိမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မကြာခင်မှာလည်း Golden Hour Production ထုတ်လုပ်ရေးနဲ့ အတူ ရုပ်ရှင်ဇာတ်ကား ပြန်ရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ အဲဒီ ဇာတ်ကားလေးက ပရိသတ်တွေ အတွက် ကလိကလိ ဖြစ်စေမယ့် အချစ်ကားလေး တစ်ကားဖြစ်တယ်လို့ အင်တာဗျူးတွေ မှာ ဖြေဆိုခဲ့ပါသေးတယ်။

“ဖွေးအရိုးကျိုးပြီး နားနေတာ (၄)လကျော်သွားပြီ နောက်နှစ်လဆိုရင် ဖွေးဒါရိုက်တာ အောင်မြတ်နဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ ပြင်ဆင်တော့မှာပါ။ Love Equation ဆိုတဲ့ ဇာတ်ကားလေးပါ။ ပရိသတ်တွေ အရမ်း ကြိုက်မယ့် ဇာတ်ကားလေး ဖြစ်မှာပါ။ ဖွေးကိုယ်တိုင်လည်း အရမ်းကြိုက်တယ်။ ဖွေးပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်ထင်လို့ လက်ခံဖြစ်ခဲ့တာပါ” လို့ ဖွေးဖွေးက ဇွန်လ(၃၀) ရက်နေ့က ပြုလုပ်တဲ့ Hearty& Heart ပွဲမှာ ပြောပြခဲ့တာပါ။ အဲဒီ ဇာတ်ကားမှာတော့ ဒေါင်း၊ခါရာ၊မိုးဟေကိုနဲ့ ဖွေးဖွေးတို့ ပါဝင်မှာ ဖြစ်ပါတယ်။

Photo : Amazing Grace

ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ေ ယာက်ဖြစ်နေသူပါ။ သူမကိုတော့တီဗီကြော်ငြာတွေကေ နတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။ဖွေဖွေးက ဗီဒီယိုဇာတ် ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

 

Photo : ဖွေးဖွေး

ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က