ဇူလိုင်လ ၂၃ ရက်နေ့က အသက် ၃၇ နှစ်ပြည့်ပြီးပါပြီ။

သက်မွန်မြင့်ဟာ အခုဆိုရင်တော့ အသက် ၃၇ နှစ်ပြည့်ပြီးဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာလောကမှာ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်သလို ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်ပိုင်မိသားစုဘဝလေး တည်ဆောက်ထားသူ ဖြစ်ပါတယ်။

Photo:Khin Sandar Myint



သရုပ်ဆောင် သက်မွန်မြင့်ဟာ ဇူလိုင်လ ၂၃ ရက်နေ့က အသက် ၃၇ နှစ်ပြည့်ပြီးဖြစ်ပါတယ်။ သူမဟာ မွေးနေ့မှာတော့ မှော်ဘီမြို့မှာရှိတဲ့ အောင်ဇဗ္ဗူတောရတရားရိပ်သာမှာ တရားစခန်းဝင်နေတယ်လို့လည်း သိရပါတယ်။ မွေးနေ့မတိုင်ခင်တုန်းက သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူ မွေးနေ့ပါတီ ကျင်းပခဲ့သေးတယ်လို့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်က ပြောပါတယ်။

‘’မွေးနေ့မှာ တရားစခန်းဝင်နေလို့ wish လုပ်သူတွေအတွက် ကျေးဇူးတင်စကားတွေပြန်မပြောနိုင်တဲ့ ချစ်သက်ကိုယ်စား မွေးနေ့အကြို မိသားစု၊ သူငယ်ချင်းတွေနဲ့ပျော်ခဲ့ရတဲ့ Birthday dinner party လေးကို မွေးနေ့အမှတ်တရအနေနဲ့ Fan တွေအားလုံးကို အပျော်တွေမျှဝေတဲ့အနေနဲ့ တင်ပေးလိုက်ပါတယ်။ အားလုံး ထပ်တူထပ်မျှပျော်ရွှင် ကြည်နူးကြပါစေ’’ ဆိုပြီးတော့ ဇူလိုင်လ ၂၃ ရက်နေ့ ည ၇ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: Khin Sandar Myint

သက်မွန်မြင့်ဟာ လက်ရှိမှာတော့ အကယ်ဒမီ ၂ ဆုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ ၂၀၁၀ ပြည့်နှစ်မှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၆ ခုနှစ်မှာ “ချစ်လှစွာသော အမုန်း”ရုပ်ရှင်ကားတွေနဲ့ အကောင်းဆုံုး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သားလေး အားချစ်နဲ့ သမီးလေး လဝန်းမေ ဆိုတဲ့ သားနဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

Photo: Amazing Grace

သူမကိုတော့ ပရိသတ်တွေက Music Video တွေကနေတဆင့် စတင်အားပေးခဲ့ကြတာပါ။ သက်မွန်မြင့်ရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က