ဒီနေ့က သူမရဲ့ မွေးနေ့ပါ။

 သရုပ်ဆောင် ဘေဘီမောင်က မွေးနေ့မှာ ဘုရားသွား ကုသိုလ်ယူနေတာ တွေ့ရပါတယ်။ မွေးနေ့မှာ မိဘမဲ့ ကလေးကျောင်းမှာလည်း အလှူအတန်းတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Photo : ဘေဘီမောင်

ဒီနေ့(ဖေဖော်ဝါရီ ၂၂ရက်)က သရုပ်ဆောင် ဘေဘီမောင်ရဲ့ အသက်(၂၇)နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာ မိဘမဲ့ ကလေးတွေကို အလှူအတန်းတွေ ပြုလုပ်ခဲ့သလို ဘုရားသွား ကုသိုလ်ယူနေတာလည်း တွေ့ရပါတယ်။သူမရဲ့ မွေးနေ့လေးမှာလည်း ဒီနေ့အထိ မိသားစု တာဝန်ကျေတဲ့ သမီးဖြစ်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဝမ်းသာပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။

Photo : ဘေဘီမောင်

အသက်ကတော့တစ်နှစ်ထက်ကြီးပြန်ပြီ မိသားစုမှာတာဝန်ကျေတဲ့သ မီးဖြစ်ရတဲ့အတွက်လည်း ပီတိဖြစ်ရပါတယ်။ အသက်ကြီးလာတော့ အသိကြီးပြီး ဘာသာရေးပိုလုပ်ပြီး အလှူဒါန်းတွေလည်း ခဏခဏလုပ်တတ်ပြီး စိတ်ထားဖြူစင်တဲ့ ကျွန်မစိတ်ဓာတ်လေးကိုချစ်မိတယ် ခုချိန်ထိလည်း အားပေးတဲ့ ပရိတ်သတ်တွေကိုလည်းေ ကျးဇူးတင်ပါတယ်။ သမီးကိုချစ်ခင်ကြတဲ့ သူတော်စင်အားလုံးလည်း ကျန်းမာချမ်းသာကြပါစေရှင့်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၂၂) ရက်နေ့ ရေးသားထားတာတွေ့ရပါတယ်။

Photo : ဘေဘီမောင်

ဘေဘီမောင်ဟာ မွေးနေ့မှာ အနုပညာမောင်နှမတွေနဲ့အတူ အမှတ်(၂)၊ပုဏ္ဏမီလမ်းနဲ့ ကျန်စစ်သားလမ်းထောင့်၊ (၈၆) ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ရှိတဲ့ မှန်ကင်းပရဟိတကျောင်းမှာအလှူတွေ ပြုလုပ်နေသလို ကလေးတွေအတွက် သီချင်းတွေနဲ့လည်း ဖျေ်ာဖြေလျက်ရှိပါတယ်။သူမရဲ့ မွေးနေ့လေးမှာ ပရိသတ်တွေ အနုပညာမောင်နှမတွေက မွေးနေ့ဆုတောင်းတွေ တောင်းပေးထားကြပါသေးတယ်။

Photo : ဘေဘီမောင်

ဘေဘီမောင်(Baby Maung) ဟာ ပရိသတ်အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီး တွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ Baby & Barani Beauty & Fashion House ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပါတယ်။



က္က