ဇူလိုင်လ ၉ ရက်နေ့က အသက် ၂၇နှစ် ပြည့်သွားပါပြီ။

ဖြိုးမြတ်အောင်က အသက် ၂၇ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ မွေးနေ့ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း သူ့ရင်ထဲကလာတဲ့ ကျေးဇူးတင်စကားတွေ ပြောလာပါတယ်။

Photo: Phyo Myat Aung



ဖြိုးမြတ်အောင်က ဇူလိုင်လ ၉ ရက်နေ့က အသက် ၂၇ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ပြည်တွင်းမှာရော၊ ပြည်ပ မှာပါ သူ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေက မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်အားလုံးကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

‘’အားလုံးပဲ မင်္ဂလာပါခဗျ။ ကျွန်တော် ရဲ့ ( ၂၇ ) နှစ်ပြည့် မွေးနေ့ လေးမှာ ပြည်ပက မိသားစုဝင်များ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ မိသားစုဝင်များ ကျွန်တော်တို့ ဧရာဝတီတိုင်းမှ မိသားစု ဝင်များ မွေးနေ့ အလှူအတန်း လုပ်ပေးကြသူများ မွေးနေ့ ဆုတောင်း ပေးသူ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ခဗျ။ အါးလုံးကို ကျွန်တော် အရမ်းချစ်တယ်ဗျာ။ အသက်ရှုမရပ်တန့်သမျှ ကြိုးစားနေဦးမှာပါ။ အားလုံးကျန်းမာချမ်းသာကြပါစေ’’ ဆိုပြီးတော့ ဇူလိုင်လ ၉ ရက်နေ့ ည ၁၀ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Phyo Myat Aung

Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ဟာ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ပြိုင်ပွဲအစကနေ ဒီနေ့အချိန်ထိ ပိုင်ဆိုင် ထားနေတုန်းပါပဲ။ ပရိသတ်တွေရဲ့ အချစ်ကို တစ်နေ့ထက် တစ်နေ့ ပိုမိုပိုင်ဆိုင်လာရတဲ့ အကြောင်းကိုလည်း ဖြိုးမြတ်အောင်က မီဒီယာတွေ ကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ကျွန်တော်က ဒီအတိုင်း နေတတ်သလို နေလိုက်တာပဲလေ။ ထွေထွေထူးထူး လုပ်ယူထားတဲ့အရာ ဘာမှမရှိဘူး။ ကျွန်တော် နေတတ်သလို နေလိုက်တယ်၊ ရင်ထဲက ရှိတဲ့အတိုင်းပဲ နေလိုက်တယ်။ ထွေထွေထူးထူး ဖန်တီးထားတာ မျိုးလည်း မရှိပါဘူး၊ လူဆိုတာကတော့ တစ်ခါတလေ လွတ်ချင်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း တစ်ခါတလေ လွတ်ချင်တယ်၊ အဲ့ဒီအခါ ဘာနဲ့ ပြန်ထိန်း သလဲဆိုရင် အသိ နဲ့ သတိ အမြဲကပ်ထားတယ်။ အဲ့ဒါတွေနဲ့ ပြန်ထိန်းဖြစ်တယ်'' လို့ သူကဆိုပါတယ်။

Photo: ZMW

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 ကနေ စပြီး ပရိသတ်အားပေးမှု များစွာ ရရှိလာသူဖြစ်ပါတယ်။ ဒီနေ့ အချိန်ထိလည်း သူ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေ အများကြီးပါ။ ဖြိုးမြတ်အောင်ဟာ ပြိုင်ပွဲက ရရှိလာတဲ့ ဆုကြေးငွေတွေကိုလည်း ဘုရားအလှူပြုထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သီချင်းတွေဆက်လက် သီဆိုနေတာ တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က