Ei Ei Myat

ဝတ်မှုံရွှေရည်က မွေးနေ့မရောက်သေးပေမယ့်လည်း သူမရဲ့ မွေးလလေးမှာ တရားစခန်းဝင်ပြီး ကုသိုလ်ယူနေတာ တွေ့ရပါတယ်။ သူမရဲ့ မွေးနေ့လေးက သြဂုတ်လ(၁၀) ရက်နေ့ပါ။

 

Photo : ဝတ်မှုံရွှေရည်

သရုပ်ဆောင် ဝတ်မှုံရွှေရည်ကတော့ မွေးလလေးမှာ တရားစခန်းဝင်ပြီး ကုသိုလ်ယူဖြစ်နေတယ်လို့ ဆိုပါတယ်။ သူမရဲ့ မွေးနေ့လေးက သြဂုတ်လ(၁၀) ရက်နေ့ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ မွေးနေ့မတိုင်ခင်ကတည်းက သြဂုတ်လအစမှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

“မွေးနေ့လဖြစ်တဲ့အတွက်တရားစခန်းဝင်ပြီးကုသိုလ်ပြု ဖြစ်တယ်။ဤကုသိုလ်တို့ ကြောင့် ခုနှစ်ရက်သားသမီး အပေါင်း ဘေးရန်ခပ်သိမ်းကင်းကြပါစေ ဒေါသခပ်သိမ်းငြိမ်းကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ... လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ဗုဒ္ဓဂုဏ်တန်ခိုးဖြင့်အေးချမ်းကြပါစေ” ဆိုပြီး သြဂုတ်လ(၃) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာပါ။ သူမဟာ မှော်ဘီမြို့နယ်မှာ ရှိတဲ့အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ တရားစခန်းဝင်ရင်း ကုသိုလ်တွေ ယူနေတာ ဖြစ်ပါတယ်။

Photo : ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်က လွန်ခဲ့တဲ့ ရက်ပိုင်းလောက် ဒေါင်းနဲ့အတူ ဖြုံဘူးရွာမှာ “ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာ ဖြစ်ပေမယ့် ရာသီဥတုအခြေအနေကြောင့် ရိုက်ကူးရေးရက် ပြောင်းရွှေ့သွားခဲ့ပါတယ်။ ရိုက်ကူးရေး ပြန်မစခင်မှာသူမရဲ့ အားလပ်ရက်လေးကိုအခုလို အကျိုးရှိရှိအသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။

Photo : ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။

Photo : ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ကာလတစ်ခုကို ရောက်ရှိလို့နေပါပြီ။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က