ထီပေါက်တယ်တဲ့။
ခင်ဇာခြည်ကျော်တစ်ယောက် ထီပေါက်လို့ပျော်နေပါတယ်။ မေလကတော့ သူမအတွက် ကံကောင်းခြင်းတွေ လာတော့မယ်ထင်ပါတယ်။

Photo : ခင်ဇာခြည်ကျော်



သရုပ်ဆောင် ခင်ဇာခြည်ကျော်က (၃)ကြိမ်မြောက်ဖွင့်လှစ်တဲ့ အောင်ဘာလေထီမှာ ငါးသောင်းဆု ပေါက်ခဲ့ပါတယ်။ မေလဟာ သူမအတွက် ကံကောင်းမယ့် လတစ်လလို့ ဆိုရတော့မယ်ထင်ပါတယ်။

ကျွန်မ ကံကောင်း လာ ပြီ ထင် ပါ တယ် ၅၀၀၀၀ ဆု ပေါက် တယ်  ၁.၅.၂၀၁၉” ဆိုပြီး မေလ(၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။

သူမထီပေါက်တယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေလည်း ပျော်လို့နေပါတယ်။ နောက်ထပ်လည်း ဆုကြီးတွေ ပေါက်ပါစေလို့ ပရိသတ်တွေ ဆုတောင်းပေးထားကြပါသေးတယ်။

ခင်ဇာခြည်ကျော်ဟာ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေလုပ်ရင်း မိသားစုအတွက်လည်း အချိန်ပေးဖြစ်နေပါတယ်။ သူမဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သားနဲ့သမီးကို ပြုစုစောင့်ရှောက်နေတဲ့ အမေတစ်ယောက်ပါ။ ဝေဖန်တိုက်ခိုက်မှုတွေ ရှိလာရင်လည်း သားနဲ့သမီးရှေ့က တံတိုင်းကြီးတစ်ခုလို ကာကွယ်ပေးသွားမယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

အမေဆိုတာ သားသမီး တွေ ရှေ့က မားမား မတ် မတ် ရပ် တည် ပေး မယ့် တံတိုင်း ကြီး တစ်ခု ပါ ...!! Single Mother တစ် ယောက် ရဲ့ သားသမီးမို့ က လေး တွေ ရဲ့ရှေ့က ကျွန်မ အသက် ရှင် နေ သ ရွေ့ပို ၍ ကာကွယ် ပေး နေ မယ့် အ မေ တစ် ယောက် ပါရှင် ...” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၂၇) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ခင်ဇာခြည်ကျော်

သရုပ်ဆောင်ခင်ဇာခြည်ကျော်မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က