ထီ ဆု ၂ ဆုပေါက်ခဲ့ပါတယ်တဲ့။

မေကဗျာတစ်ယောက် ထီ ၃ စောင်ထိုးတာ ၂ စောင်က ထီပေါက်တာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ အဲဒီနောက် အလုပ်တွေလည်း ဆက်တိုက် လုပ်နေရတယ်လို့ ဆိုပါတယ်။

Photo: မေကဗျာ


သရုပ်ဆောင် မေကဗျာက ခက်ခက်ခဲခဲ ရှာထိုးခဲ့ရတဲ့ ထီလက်မှတ်က ၃ စောင်က အခုဆိုရင် ၅ သောင်းဆု ၂ ဆု ပေါက်တယ်လို့ ဆိုပါတယ်။ ထီ ထွက်ရက် မတိုင်ခင်မှာလည်း သူမ မက်ခဲ့တဲ့ အိပ်မက်တွေ အကြောင်း ပြောပြလာပါတယ်။

‘’ ပြောပါတယ် ဒီလထီပေါက်မယ်လို့ အိပ်မက် ၂ ရက်မက်တယ်။ တစ်ရက်က ဘုရားသွားဖူးတာ ကန်ထဲမှာငါးတွေအများကြီးပဲ။ နောက်တစ်ရက် က အခန်းတွေအများကြီး ဘယ်အခန်းဝင်ဝင် ဗိုက်ကြီးသည်တွေကြီးပဲ။ အဲ့ဒါမို့လို အရဟံ ၈၄၀၀၀ စဝင်တဲ့နေ့မှာ ထီထိုးမယ်ထီးထိုးမယ်ဆိုပြီးစိတ်ကဖြစ်တယ်။ မရရအောင်ရှာထိုးခဲ့တဲ့ထီက ၅ သောင်းတစ်ဆုပေါက်တယ်’’ ဆိုပြီးတော့ မေလ ၁ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: မေကဗျာ

အဲဒီနောက်ထီ ပေါက်ခဲ့တဲ့ အမှတ်တရတွေနဲ့ အတူ သူမအတွက် ကံကောင်းခြင်းတွေ ပိုင်ဆိုင်နေရတာကြောင့်လည်း မေကဗျာက ပျော်ရွှင်လို့နေပါတယ်။

‘’ရခိုင်သွားတုန်းက မင်းသွေးဘုရားထီးတင်ပွဲမှာ ကိုညီမင်းခိုင်ထီသွားထိုးမယ်ဆိုလို့ တစ်စောင်ထိုးခဲ့ပါဆိုပြီး ထိုးလိုက်တာ ၅ သောင်းဆုတစ်ဆုပေါက်တယ်။ ကျေးဇူးပါ မွေးနေ့ရှင် တိုက်ဆိုက်လိုက်တာနော်။ ပျော်တာကွယ် ၃ စောင်ထိုးတာ ၂ စောင်ပေါက်တယ်။ ဘဝမှာအမှတ်တရပါ။ မေလ ကံကောင်းခြင်းတွေနဲ့ စတင်ခဲ့တယ်။ အလုပ်တွေလည်းဆက် ရက်တွေတိုက်လ်ု့ မလုပ်ရတော့ဘူးထင်တဲ့အလုပ်တွေတောင် ရက်တွေ ပြန်အဆင်ပြေ ပြီးအကုန်ဖြစ်’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: မေကဗျာ

မေကဗျာကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း အတော်ကြာနေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင်အလုပ်ထက် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ စက်ချုပ်လုပ်ငန်းကို ပိုဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် နှင်းဆီအဖွဲ့သားတွေနဲ့အတူ အငြိမ့်ကလေ့ရှိတာကိုလည်း တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က