ပရိသတ်တွေကတော့ အားကျပြီးရင်း အားကျ။

ရွှေမှုန်ရတီကို ချစ်မိသွားတဲ့အကြောင်းတွေကို ရွှေထူးက အခုလို ပြောပြထားပါတယ်။ ရွှေမှုန်ရတီကလည်း ခင်ပွန်းဖြစ်တဲ့ ရွှေထူးကို အရမ်းချစ်တဲ့ အိမ်ထောင်ရှင်မလေးပါ။

Photo: Htoo Khant



ရွှေထူးက ဇနီးချောလေး ရွှေမှုံရတီကို ချစ်မိသွားတဲ့ အမှတ်တရတွေ ပြောပြလာပါတယ်။ သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ၄ လကျော်ခဲ့ပြီးဖြစ်ပါတယ်။ 

‘’ချစ်မိသွားတယ်။ အပြစ်ဆိုလည်း ခွင့်လွှတ်ပါ’’ ဆိုပြီးတော့ မတ်လ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ချစ်ဇနီးလေးနဲ့ ချစ်သူသက်တမ်းအမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း တင်ခဲ့ပါသေးတယ်။ ရွှေထူး နဲ့ ရွှွှေမှုံကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ အားမကျမဆုံးအောင် ဖြစ်နေကြတာကို Comment ကနေတဆင့် တွေ့နိုင်ပါတယ်။

Photo: Htoo Khant

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းကတော့ ၄ လရှိပြီးဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ချစ်လာကြတာကိုလည်းတွေ့မြင်ရမှာပါ။ ဒီလို အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်ထားတဲ့အတွက် ကျေနပ်တယ်လို့ ရွှေမှုံရတီက ဆိုပါတယ်။

‘’ချစ်တယ် ယောကျာ်းရယ်။ ဘာလိုလိုနဲ့ မင်္ဂလာသက်တမ်း ၄ လ ရှိပြီနော်။ ၄ နှစ် လိုပါပဲ နားလည်မှုတွေ ပိုရှိလာတာ၊ ချစ်လာတာတွေက နစ်ယောက်တစ်ဘဝကိုပျော်ရွှင်ကျေနပ်မိပါတယ်။ ဒီဘဝက ဘုရားပေးတဲ့ဆုတစ်ခုလိုပါပဲ’’ လို့ မတ်လ ၁၁ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

Photo: Htoo Khant

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo: Htoo Khant

ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကနေစပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပါပြီ။ ရွှေထူးကလည်း လက်ရှိမှာ တတိယမြောက် တစ်ကိုယ်တော်အခွေ အတွက် ပြင်ဆင်နေတာဖြစ်သလို ရွှေမှုန်ရတီကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူပါ။


ဆက်စပ်အကြောင်းအရာများ



က္က