ပရိသတ်တွေနဲ့တွေ့ဆုံနေကြတာ ပျော်စရာကြီး။

သရုပ်ဆောင် နေတိုးက သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။ နှစ်(၂၀)ကျော်ကြာမှာ မွေးရပ်မြေကို ပြန်လည်ရောက်ရှိလာတဲ့ နေတိုးကို ဒေသခံပရိသတ်တွေများစွာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။

Photo : 7th Sense



သရုပ်ဆောင် နေတိုးဟာ ဒီနေ့(ဧပြီ၄ရက်)မှာ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့သို့ ပြန်လည်ရောက်ရှိနေပါတယ်။ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှာရှိတဲ့ “မဟာဇေယျသိဒ္ဓိမဟာ မုနိရှင်တော်မြတ်ဘုရားကြီး” ဘုရားအနေကဇာတင်ပူဇော်ပွဲ ပြုလုပ်ဖို့အတွက် နေတိုးနဲ့အတူ အခြားသော အနုပညာရှင်များက ရခိုင်သို့ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

Photo : 7th Sense

နှစ်(၂၀)ကျော်ကြာမှ မွေးရပ်မြေကို ပြန်လည်ရောက်ရှိလာတဲ့ နေတိုးကို ဒေသခံပရိသတ်များက ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြတာ တွေ့ရပါတယ်။ နေတိုးလည်း ပျော်နေသလို ပရိသတ်များလည်း ပျော်နေကြပါတယ်။ 

နှစ်(၂၀)ကြာမတွေ့ဖြစ်တဲ့ မာန်အောင်ကျွန်းက သူငယ်ချင်းတွေနဲ့လည်း ဆုံတွေ့ချင်တဲ့ နေတိုးရဲ့ဆန္ဒ ပြည့်ဝခဲ့ပါပြီ။ နေတိုးနဲ့အတူ အခြားသော အနုပညာရှင်များက ဘုရားအနေကဇာတင် ပူဇော်ပွဲမှာ ဖျော်ဖြေရေးအစီအစဉ်များနဲ့ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo : 7th Sense

၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးဖွားခဲ့သူဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။

Photo : 7th Sense

ကျရာဇာတ်ရုပ်တိုုင်းကိုပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်လာတဲ့ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိခဲ့ပါတယ်။ နေတိုးဟာ အနုပညာအရည်အသွေး ပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က