မင်းသွေးနဲ့အတူ တည်ထားတဲ့ ဘုရားကို ဘုရားအနေကဇာတင်လှူပွဲ ပြုလုပ်နေတာပါ။

သရုပ်ဆောင် နေတိုးတို့ မိသားစုဟာ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှာ ရှိတဲ့ မဟာမုနိရှင်တော်မြတ်ဘုရား ဘုရားအနေကဇာတင်ပူဇော်ပွဲ အလှူတော်ကြီးကို ပြုလုပ်နေတာ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေပြီး ညီလေး မင်းသွေးအတွက် အမျှအတမ်းတွေ ပေးဝေနေခဲ့ပါသေးတယ်။

 

Photo : 7th sense



သရုပ်ဆောင် နေတိုးတို့ မိသားစုဟာ ဒီနေ့(ဧပြီ၅ရက်)မှာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သံကျောက်တောင် မဟာဇေယျသိဒ္ဓိမဟာမုနိရှ င်တော်မြတ်ဘုရာကြီး ဘုရားအနေကဇာတင်လှူပွဲကြီးနဲ့ ရှင်ပြုအလှူတော် မင်္ဂလာပွဲကြီးကို ပြုလုပ်နေတာ ဖြစ်ပါတယ်။ ညီလေး မင်းသွေးအတွက် ရည်စူးပြီး အလှူအတန်းတွေ ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။

Photo : 7th sense

ဘုရားအနေကဇာတင်ပူဇော်ပွဲကို နေတိုးနဲ့အတူ အခြားသော အနုပညာရှင်များစွာ ရခိုင်သို့ ရောက်ရှိနေကြပြီး အလှူမှာ ပါဝင်နေတာ တွေ့ရပါတယ်။

မွေးရပ်မြေကို ဧပြီ(၄) ရက်နေ့က ပြန်ရောက်ခဲ့တဲ့ နေတိုးကို ဒေသခံပရိသတ်များက ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြတာ တွေ့ရပါတယ်။ နေတိုးလည်း ပျော်နေသလို ပရိသတ်များလည်း ပျော်နေကြပါတယ်။ နှစ်(၂၀)ကြာမတွေ့ဖြစ်တဲ့ မာန်အောင်ကျွန်းက သူငယ်ချင်းတွေနဲ့လည်း ဆုံတွေ့ချင်တဲ့ နေတိုးရဲ့ ဆန္ဒ ပြည့်ဝခဲ့ပါပြီ။

Photo : 7th sense

အလှူအတန်းတွေ ပြုလုပ်နေတဲ့ နေတိုးတို့ မိသားစု ပုံရိပ်လေးကို ကြည့်ပြီး ပရိသတ်တွေ ဝမ်းသာကြည်နူးနေကြသလို မင်းသွေးကို သတိရပြီး ဝမ်းနည်းနေတဲ့ သူတွေလည်း ရှိလို့နေခဲ့ပါတယ်။ မဟာမုနိရှင်တော်မြတ်ဘုရားကြီးကို မင်းသွေးနဲ့နေတိုးတို့ အတူတူ တည်ထားခဲ့တာ ဖြစ်ပြီး မင်းသွေးဖြစ်စေချင်တဲ့ဆန္ဒအရ ရခိုင်သို့ ပြန်ပြီး ယခုလို သာသနာပြု လုပ်ငန်းတွေ ဆောင်ရွက်နေတာ လည်း ဖြစ်ပါတယ်။

Photo : 7th sense

၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးဖွားခဲ့သူဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။ ကျရာဇာတ်ရုပ်တိုုင်းကိုပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်လာတဲ့ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိခဲ့ပါတယ်။ နေတိုးဟာ အနုပညာအရည်အသွေး ပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က