Ei Ei Myat

မိဘမဲ့ကလေးလေးတွေကို မွေးစားပြီး သားသမီးအရင်းသဖွယ် ပြုစုစောင့်ရှောက်နေတဲ့ ခိုင်နှင်းဝေက ကလေးလေးအတွက် မွေးနေ့ပွဲလေး လုပ်ပေးခဲ့ပါတယ်။ ဇူလိုင်လမှာ မွေးတဲ့ ကလေးလေးတွေအတွက် လုပ်ပေးခဲ့တာပါ။

 

Photo : ခိုင်နှင်းဝေ

ပရဟိတအလုပ်တွေ လုပ်နေရရင်၊ လူသားတွေအတွက် အကျိုးပြုနေရရင်ကို ပျော်နေတဲ့ ခိုင်နှင်းဝေက ဇူလိုင်(၁၂) ရက်နေ့က သူမွေးစားထားတဲ့ ကလေးလေးတွေအတွက် မွေးနေ့ပွဲလေး လုပ်ပေးခဲ့ပါတယ်။ ဇူလိုင်လမှ မွေးတဲ့ ကလေးတွေအတွက် လုပ်ပေးခဲ့တာ ဖြစ်ပြီး ကလေးလေးတွေကို ပျော်ရွှင်စေချင်တာကြောင့် မွေးနေ့ကိတ်လေး ခွဲပေးခဲ့တာ ဖြစ်တယ်လို့ ပရိသတ်တွေကို Live လွှင့်ပြီး ပြောပြခဲ့တာပါ။

Photo : ခိုင်နှင်းဝေ

“လတိုင်းလတိုင်း ကလေးလေးတွေရဲ့ မွေးလလေးတွေရောက်တိုင်း အခုလို မွေးနေ့ပွဲလေး လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ မွေးနေ့ကိတ်ခွဲတယ်ဆိုတာ ကလေးတွေက နားမလည်သေးပေမယ့် မွေးနေ့ကိတ်ခွဲပြီး ကလေးတွေရဲ့ ကံလေးတွေကောင်းလာအောင်လို့ ဆုတောင်းပေးတဲ့အနေနဲ့ မှတ်မှတ်ရရ လုပ်ပေးတာပါ။ သူတို့လေးတွေ သိတတ်လာတဲ့အရွယ်ရောက်ရင်လည်း သူတို့လေးတွေဟာ တခြားကလေးတွေကိုပျော်ရွှင်မှုတွေ ရမယ်ဆိုတာ သူတို့သိစေချင်တယ်” ဆိုပြီး ဇူလိုင်(၁၂) ရက်နေ့က လွှင့်တဲ့ Live မှာ ေ ပြာခဲ့တာပါ။

Photo : ခိုင်နှင်းဝေ

အဲဒီနောက် ကလေးတွေအတွက် မွေးနေ့ကိတ်ခွဲပြီး ဆုတောင်းစကားလေးတွေ ပြောခဲ့ပါသေးတယ်။ လက်ရှိအချိန်ထိ ခိုင်နှင်းဝေ မွေးစားထားတဲ့ ကလေးလေးတွေဟာ တော်တော်များများ ရှိလို့နေခဲ့ပါပြီ။ ကလေးလေးတွေကို သဘာဝတရားရိပ်သာ ဘုန်းကြီးကျောင်းတွင် စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။

 

Photo : ခိုင်နှင်းဝေ

ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင်ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က