သူ့စိတ်ကူးထဲက အကြောင်းအရာလေးတွေကို ဖွင့်ဟလာပါတယ်။

နေတိုးက လောကကြီးကို မေတ္တာတရားတွေနဲ့ အလှဆင်နိုင်ဖို့ သူ့ရဲ့ အတွေးတချို့ကို အခုလို ပြောပြလာပါတယ်။ သူဟာ အနုပညာသက်တမ်း နှစ် ၂၀ ကျော်ရှိပြီဖြစ်ပြီး အကယ်ဒမီ ၃ ဆုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

photo: Nay Toe Page



နေတိုးက လူ့ဘဝခဏမှာ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာတရားထားရင်း ဘဝကို ဖြတ်သန်းစေဖို့ သူ့စိတ်ကူးထဲက အတွေးတချို့ကို မျှဝေ ပြောပြခဲ့ပါတယ်။

‘’ကျွန်တော်တို့အားလုံး မဖြစ်မနေတစ်နေ့ရောက်လာရမဲ့ အိုမင်းရင့်ရော်ခြင်း၊ တိုတောင်းလှတဲ့လူဘဝအတွင်း တစ်ဦးအပေါ်တစ်ဦး မေတ္တာတရားတွေနဲ့ဖေးမကူညီနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း၊ မေတ္တာတရားတွေနဲ့လောကကြီးကိုအလှဆင်နိုင်ကြပါစေ။ ထာဝရ ...နေတိုး’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၇ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။

photo: Nay Toe Page

သရုပ်ဆောင် အကယ်ဒမီ နေတိုး နဲ့ We Love Nay Toe Group အဖွဲ့ သားတွေရဲ့ ၇ နှစ်ပြည့် ဖြတ်သန်းမှု အမှတ်တရအဖြစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ က အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ နေတိုးရဲ့ အနုပညာသက်တမ်းဟာ အနှစ် ၂၀ ကျော်လာပြီဖြစ်ပါတယ်။

နေတိုးနဲ့ We Love တို့ရဲ့ စုပေါင်းအလှူကိုမြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ဂီလာနဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ ထာဝရဆေးပဒေသာပင်နဲ့ အဘိုးအဘွားတွေအတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို လှူဒါန်းခဲ့ကြတယ်လို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နေ့လည်ပိုင်းက We Love Nay Toe FacebookGroup မှာ ရေးသားထားတာ တွေ့ရပါတယ်။

photo: Nay Toe Page

၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးဖွားခဲ့သူဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။

photo: Nay Toe Page

ကျရာဇာတ်ရုပ်တိုုင်းကိုပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်လာတဲ့ နေတိုးက မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိခဲ့ပါတယ်။ နေတိုးဟာ အနုပညာအရည်အသွေး ပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က