ဘာဖြစ်မလဲ။

နေခြည်ဦးကတော့ ဆင်းရဲတဲ့ ဘဝထက် အလုပ်မရှိတော့မှာက သူမအတွက်တော့ အကြောက်ဆုံးအရာပါပဲတဲ့။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Photo: Nay Chi Oo



ပရိသတ်အချစ်တော်မလေး နေခြည်ဦးက သူမဘဝရဲ့ အကြောက်ဆုံးအရာကို အခုလို ပြောပြလာပါတယ်။ သူမက လက်ရှိမှာတော့ ပရိသတ်အချစ်တွေကို အခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

‘’ဘဝမှာ အကြောက်ဆုံးက ဆင်းရဲမှာ မဟုတ်ဘူး။ အလုပ် မရှိမှာ’’ ဆိုပြီးတော့ မတ်လ ၁၃ ရက်နေ့ မနက် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ နေခြည်ဦးရဲ့ ဆန္ဒလေးအပေါ်မှာလည်း ပရိသတ်တွေက Comment ကနေတဆင့် အားပေးစကားတွေ ပြောပေးခဲ့ကြတာကို တွေ့ရပါတယ်။
Photo: Nay Chi Oo
နေခြည်ဦးဟာ မကြာခင်မှာ သရုပ်ဆောင် အကယ်ဒမီနေတိုးနဲ့ အတူ ‘’အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒါဟာ သူမအတွက်တော့ နေတိုးနဲ့အတူ ပထမဆုံး သရုပ်ဆောင်ရမယ့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ ဇင်ဝိုင်း၊တိုင်ရွန်၊သူရိယ၊ စိုးမြတ်သူဇာ၊ နေခြည်ဦးနဲ့ ခင်သဇင်တို့က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။
Photo: Nay Chi Oo
နေခြည်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ရန်သူ’’ ရုပ်ရှင်ကားကြီးဟာ ၂၀၁၈ ခုနှစ်အတွက်အကယ်ဒမီထူးချွန်ဆုပေးပွဲ ရဲ့ ဆန်ခါတင်ရုပ်ရှင်ဇာတ်ကား ၂၅ ကားထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ နေခြည်ဦးအတွက် ပထမဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။သူမကိုယ်တိုင်ကတော့ အကယ်ဒမီနဲ့ ပတ်သက်တဲ့ ရင်ခုန်သံတွေ ဖွင့်ပြောလာတာမျိုး မရှိသေးပါဘူး။

Photo: Nay Chi Oo

နေခြည်ဦးကိုတော့ Beauty Blogger မလေးတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။အဲဒီနောက် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာချိန်မှာ ‘’ရန်သူ’’ ၊ ‘’ဧည့်သည်’’၊''ကိုယ်ပွား''၊ ‘’အောက်ဖဲမလှန်ကြေး’’စတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပြီးဖြစ်ပါတယ်။ ‘’ရန်သူ’’ ရုပ်ရှင်ကားကြီးကလည်း၂၀၁၈ ခုနှစ်အတွင်းမှာ ပရိသတ်အရှေ့ကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က