အလှူငွေ သိန်းငါးဆယ်ကျော် ပေးအပ်ခဲ့တာပါ။

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဖရဲကျွန်းကျေးရွာဖြစ်စဉ်မှာ မမျှော်လင့်ဘဲ ရေနစ်သေဆုံးသွားခဲ့တဲ့ ရွာသူ၊ရွာသားများရဲ့ ကျန်ရစ်သူ မိသားစုများအတွက် ပရဟိတမင်းသားကြီး ဦးကျော်သူနဲ့ နာရေးကူညီမှု အသင်း (ရန်ကုန်) က လိုအပ်တာတွေ သွားရောက်ကူညီခဲ့တာ ဖြစ်ပါတယ်။

  

Photo : ကျော်သူ

ပရဟိတမင်းသားကြီး ဦးကျော်သူဟာ ဖရဲကျွန်းရွာ ဖြစ်စဉ်မှာ ရေနစ်သေဆုံးသွားခဲ့တဲ့ ရွာသူ၊ ရွာသား (၃၈)ဦးအတွက် ကျန်ရစ်သူမိသားစုများကို သွားရောက်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ထောင်စု (၁)စုကို အလှူငွေ တစ်သိန်းနှစ်သောင်း ကျပ်တိတိနှုန်းဖြင့် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

"မကွေးတိုင်းဒေသကြီး ၊ ရေနံချောင်းမြို့နယ်၊ ဖရဲကျွန်းကျေးရွာဖြစ်စဉ်တွင်မမျှော်လင့်ဘဲ ရေနစ်သေဆုံးသွားခဲ့သော ရွာသူ ၊ ရွာသား (၃၈) ဦးအတွက် မီးသဂြိုလ်စရိတ် နှင့် ကူငွေအဖြစ် ကျန်ရစ်သူနာရေးရှင် မိသားစုများအား နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အသင်းသူအသင်းသားများ၊ အဝေးရောက် ဖရဲကျွန်းရွာသားများမှ အိမ်ထောင်(၁)စုလျှင် (၁၂၀၀၀၀ိ/)(တစ်သိန်း နှစ်သောင်း) ကျပ်နှုန်းဖြင့် သွားရောက် ကူညီဖေးမပေးခဲ့ပါသည်။” ဆိုပြီး ဇူလိုင်(၂၈) ရက်နေ့က ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ကျော်သူ

သေဆုံးသွားခဲ့တဲ့ ရွာသူ၊ရွာသားများအတွက်လည်း စုပေါင်းရက်လည်ဆွမ်းသွပ်နိုင်ဖိုက အလှူငွေ ငါးသိန်းကိုးသောင်းကျပ် ထပ်ပြီး ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဦးကျော်သူနဲ့ နာရေးကူညီမှု အသင်း (ရန်ကုန်) ရဲ့ စုပေါင်း အလှူငွေကတော့ ငွေကျပ် သိန်းငါးဆယ်ကျော် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

“စုပေါင်းရက်လည်ဆွမ်းသွပ်အမျှအတမ်းပေးဝေရန်အတွက် အလှူငွေ (၅၉၀၀၀၀ိ/) (ငါးသိန်း ကိုးသောင်း ကျပ်)အားလည်း “ အများ ပြည်သူမှ အများပြည်သူ ကောင်းမှု ” အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အသင်းသူအသင်းသားများ၊ အဝေးရောက်ဖရဲကျွန်းရွာသားများ ကောင်းမှု အလှူငွေစုစုပေါင်း (၅၁၅၀၀၀၀ိ/-)(ငါးဆယ့်တစ်သိန်း ငါးသောင်းကျပ်) အား လှူဒါန်းကူညီခဲ့ပါသည်” ဆိုပြီး ဆက်လက်ပြောပြထားပါတယ်။

Photo : ကျော်သူ

ဦးကျော်သူက လက်ရှိမှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဝရဇိန် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို နာရေးကူညီမှုအသင်းကြီးကိုလည်း ဦးဆောင်စီမံနေသူ ဖြစ်ပါတယ်။ ဒီအသင်းကနေ အလှူအတန်းတွေ၊ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Photo : ကျော်သူ

ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုချီးမြှင့်ပွဲမှာ ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲ ဒါရိုက်တာဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က