ချစ်သုဝေ ကိုယ်တိုင် လိုက်လံ ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့ ဆင်းရဲနွမ်းပါး ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေနဲ့ Mask တွေ လှူခဲ့တယ်လို့ အဆိုတော် လင်းလင်းက ပြောပြလာပါတယ်။ 

Photo: ခေတ်သစ်ဖောင်ဒေးရှင်း



အဆိုတော် လင်းလင်းကတော့ COVID-19 ကူးစက်ရောဂါကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ မိသားစုတွေကို ခေတ်သစ်ဖောင်ဒေးရှင်းကနေတဆင့် အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အခုလို လှူဒါန်းရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကိုလည်း ပြောပြခဲ့ပါသေးတယ်။ 

"တစ်နေ့လုပ်မှတစ်နေ့စား အခြေခံလူတန်းစားတွေရဲ့ လိုအပ်ချက်တွေအတွက်တော့ အားလုံးရဲ့ အတူတစ်ကွစုပေါင်းအားနဲ့ ကျွန်တော်တို့ တစ်လှမ်းချင်းလှမ်းသွားကြရအောင်ပါ။ ဒီရောဂါကြီးပြီးသွားတဲ့အခါ ဒီရောဂါကြီးကြောင့် မိသားစုထမင်းဝိုင်းမှာလဲ ပိုနေတဲ့ထမင်းပန်းကန်မရှိချင်သလို၊ လိုနေတဲ့ဆုတောင်းသံလည်း မရှိချင်ပါ။ ကြည့်မရလို့၊အဆင်မပြေလို့ အပြင်မှာတွေ့တာနဲ့ ရိုက်မယ်,ထိုးမယ်ဆိုပြီး ငြိုးထားတဲ့ င,တ တွေလဲ လွင့်စင်မသွားစေချင်ဘူး။ ဆရာဝန်,သူနာပြုများနဲ့ ကိုယ်ကျိုးစွန့်ပရဟိတ သမားများကို ငွေအား,လူအား နိုင်သလောက်အတူတူကူညီကြရအောင်။ စုပေါင်းအားနဲ့ အခြေခံအကျဆုံး လူတန်းစားမိသားစုတွေကိုဘယ်ခေါင်းစဉ်အောက်ကလူတွေဘဲဖြစ်ဖြစ် အတူတစ်ကွ၊အတတ်နိုင်ဆုံး အလှူနဲ့ကူပြီး အတူသွားကြရအောင်ပါ" လို့ ဆိုပါတယ်။ 

Photo: ခေတ်သစ်ဖောင်ဒေးရှင်း

ခေတ်သစ်ဖောင်ဒေးရှင်း အနေနဲ့ ဆင်းရဲနွမ်းပါး မိသားစုတွေ၊ ဈေးသည်တွေနဲ့ လမ်းပေါ်မှာ အကူအညီလိုအပ်နေတဲ့ သက်ကြီးရွယ်အိုတွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းမှုကိုတော့ ချစ်သုဝေကိုယ်တိုင် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ 

"မျှဝေခြင်းဆိုတာ လိုအပ်နေသူတွေအတွက် ကြီးစွာသော အင်အားကိုဖြစ်စေပါတယ်။သက်ကြီးနွမ်းပါးသူများ၊ အိမ်ခြေရာမဲ့များ နှင့် အခြေခံလူတန်းစားများအားစာနာထောက်ထားသောအားဖြင့် မျှဝေကူညီခဲ့ပါတယ်။ဗိုင်းရပ်စ်ပိုးများ ရပ်တန့်ပါစေ။ ချစ်ခြင်းတရားများ ပျံ့နှံ့ပါစေ။ ခေတ်သစ်ဖောင်ဒေးရှင်း" ဆိုပြီးတော့လည်း မတ်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ခေတ်သစ် ဖောင်ဒေးရှင်း Page မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။ 

Photo: ခေတ်သစ်ဖောင်ဒေးရှင်း

အဲဒီနောက် COVID-19 ကူးစက်ရောဂါကြောင့် ကာကွယ်ရေး ပစ္စည်းတစ်ခုဖြစ်တဲ့ Mask တွေကလည်း ဈေးနှုန်းမြင့်တက်နေတာ ဖြစ်တဲ့အတွက် ဈေးသည်တွေ၊ ဆင်းရဲချို့တဲ့သူတွေအနေနဲ့ ဝယ်မသုံးနိုင်တာ စိတ်မကောင်း ဖြစ်မိတယ်လို့လည်း ချစ်သုဝေက ပြောပါတယ်။ ဒါကြောင့် ဈေးတွေထဲ သွား၊ လမ်းပေါ်တွေ သွားပြီး ဆင်းရဲချို့တဲ့သူတွေကို Mask တွေလည်း ဝေမျှ ခဲ့တယ်တာ တွေ့ရပါတယ်။ COVID-19 ကာကွယ်ရေးအတွက် ပညာပေးစကားတွေလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

Photo: ခေတ်သစ်ဖောင်ဒေးရှင်း

မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ နာမည်နဲ့ တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကနေပြီးတော့ Covid – 19 ရောဂါကာကွယ်ထိန်းချုပ် နိုင်ဖို့အတွက် ငွေကျပ် သိန်း(၁၀၀) မတည်ကာ အလှူရှင်များနဲ့ စုပေါင်းပြီး လိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။ နောက်ထပ် အလှူရှင်များအနေနဲ့ ထပ်မံ လှူဒါန်းလိုပါက ခေတ်သစ်ဖောင်ဒေးရှင်း နာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေကိုသာ လွှဲပေးစေချင်တယ်လို့ လည်း ချစ်သုဝေက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။  




ဆက်စပ်အကြောင်းအရာများ



က္က