အဘွားရဲ့ ပေါင်မုန့်တွေကို အားပေးရင် ငွေကျပ် ၁ သိန်းလှူခဲ့ပါတယ်တဲ့။
Sabal Thwin

ဘေဘီမောင်က ပေါင်မုန့်ရောင်းရင်းအသက်မွေးဝမ်းကျောင်းပြုနေရတဲ့ အဘွားကို ငွေကျပ် ၁ သိန်းလှူခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ အနုပညာအလုပ်တွေလည်း လုပ်နေရသလို ကိုယ်ပိုင်စီးပွားရေးကိုလည်း ဦးဆောင်နေသူ တစ်ဦးပါ။



Photo: Baby Maung

သရုပ်ဆောင် ဘေဘီမောင်ဟာ အသက်၇၈ နှစ်အရွယ် ပေါင်မုန့်ရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ အဘွားအိုကို ငွေကျပ် တစ်သိန်းလှူခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့ ပရိသတ်တွေကိုလည်း အခုလို ကုသိုလ်မျိုးရစေချင်ပါတယ်တဲ့။

‘’ဒီနေ့ဒါနကုသိုလ်လေးပါရှင့်အသက်၇၈နှစ် ပေါင်မုန့်ရောင်းတဲ့ဖွားဖွားကိုပေါင်မုန့်လေးတွေအားလုံး အားပေးဝယ်ရင်း ငွေတစ်သိန်းလှူခဲ့ပါတယ်ရှင့်။ ဖွားဖွားအလှူမခံပါဘူး။ ပေါင်မုန့်လေးပဲအားပေးစေ ချင်တာပါရှင့်။အဲဒါကြောင့်မြို့ထဲဗိုလ်ဆွန်ပက်လမ်းနားကဖွားဖွားဆီမှာပေါင်မုန့်လေးတွေဝယ်ယူအားပေးရင်ကုသိုလ်ယူကြရအောင်နော်’’ ဆိုပြီးတော့ ဇွန်လ ၂၃ ရက်နေ့ ညနေ ၅ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ 

Photo: Baby Maung

ဘေဘီမောင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေသလို အားတဲ့အချိန်မှာ ဘာသာရေးနဲ့ ပတ်သက်ပြီး လိုက်စားနေတာ တွေ့ရပါတယ်။ မိဘကိုလည်း အရမ်းသိတတ်တဲ့ သမီးလေးလိမ္မာလေး ဖြစ်ပြီး သူမဝါသနာပါရာ အနုပညာလုပ်ငန်းနဲ့မိဘကို လုပ်ကျွေးပြုစုနေသူလည်း ဖြစ်ပါတယ်။

ဘေဘီမောင်ဟာ ပရိသတ်အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဗီဒီယိုဇာတ်ကား တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ နဲ့ ရုပ်ရှင်ဇာတ်ကား ကြီး တွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ Baby & Barani Beauty & Fashion House ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင် ဆိုင်လေး ကိုလည်း ဖွင့်လှစ်ထားပါတယ်။



Photo: Baby Maung

အရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာသရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝတ်တော့ဘူးလို့ပြောခဲ့ဖူးပါတယ်။ သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ အတွက် ဝတ်တာစားတာဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။


က္က