အဖွဲ့ဝင်ထဲက ဟန်နေတာကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှု အများကြီးရရှိထားသူတစ်ယောက်ပါ။

၂၀၁၉ ခုနှစ်အတွက် ရေပန်းအစားဆုံးမျက်နှာသစ်အနုပညာရှင်အမျိုးသားအဆိုတော်အဖြစ် Eternal Gost အဖွဲ့က ဆုရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ အဖွဲ့ဝင်ထဲက ဟန်နေတာကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှု အများကြီးရရှိထားသူတစ်ယောက်ပါ။  

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြ အစီအစဉ်တစ်ခုဖြစ်တဲ့ City FM ဂီတဖျော်ဖြေပွဲကြီးကိုတော့ ဒီနေ့(ဖေဖော်ဝါရီလ ၁ရက်)မှာလည်း MCC မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာ ၂၀၁၉ ခုနှစ်အတွက် ရေပန်းအစားဆုံး မျက်နှာသစ်အမျိုးသားအဆိုရှင်ဆု ကိုတော့ Eternal Gost ဆိုတဲ့ အဖွဲ့က ရရှိခဲ့ပါတယ်။ 



“ကျွန်တော် မျှော်လင့်မထားခဲ့ပါဘူး။ အရင်ဆုံး ဆုတောင်းပေးနေကြတဲ့ မိသားစုတွေကို ကျေးဇူးတင်ပါတယ်။ အိမ်က အဖေကိုလည်း ကျေးဇူးတင်သလို၊ ကွယ်လွန်သွားပြီဖြစ်တဲ့ အမေ့ကိုလည်း ကျေးဇူးတင်တယ်။ ဒီအဖွဲ့ဝင် တွေ အကုန်လုံးကိုလည်း ကျေးဇူးတင်တယ်။ စိတ်တွေလည်း လှုပ်ရှားခဲ့ရပါတယ်” လို့ ဟန်နေတာက ပြောပါတယ်။ 

အခုဆိုရင်တော့ City FM ဟာ18 နှစ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုတော် ကောင်းတွေလည်း မွေးထုတ်ပေးခဲ့တာဖြစ်သလို၊ အဆိုတော် အသစ်တွေအတွက်လည်း အခွင့်အရေးတွေ အများကြီးရခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ City FM ဆုပေးပွဲကိုတော့ ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်မှာရှိတဲ့ MCC ခန်းမမှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးပြည့်စုံ၊ ဂျူဝယ်လ်၊ Project K ၊ ဖိုးသောကြာနဲ့ အားမန်တို့က တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဒီ ဆုပေးပွဲဟာ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ စောင့်မျှော်အားပေးရတဲ့ ပွဲကြီးတစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ



က္က