ရုပ်ရှင်ဇာတ်ကားကြီးအတွက်ပါ။

သုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးကနေ သရုပ်ဆောင်သစ်တွေ ခေါ်ယူနေတာ ဖြစ်ပါတယ်။ ပြေတီဦးငယ်ဘဝမှာ သရုပ်ဆောင်ဖို့အတွက် ကလေးသရုပ်ဆောင်တွေလည်း ခေါ်လို့နေပါတယ်။

Photo : အိန္ဒြာကျော်ဇင်



သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ သုုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကလေးသရုပ်ဆောင်တွေ ခေါ်နေတာကို တွေ့ရပါတယ်။ “ငရဲဆိုချိုနဲ့လား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ဖို့အတွက် ဖြစ်ပြီး ပြေတီဦးရဲ့ ငယ်ဘဝကို သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Photo : အိန္ဒြာကျော်ဇင်

ဒါကြောင့် ပြေတီဦးနဲ့ ရုပ်ချင်းဆင်တဲ့ အသက်(၅နှစ်မှ၁၂နှစ်)အရွယ် ကလေးသရုပ်ဆောင်များကိုခေါ်ယူနေတာ ဖြစ်ပါတယ်။

“ကျွန်မတို့ရဲ့ “သုဒြာ"ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် "ငရဲဆို ချိုနဲ့လား" ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကိုပြေတီဦး ငယ်ဘဝတွင် သရုပ်ဆောင်ရန် ကိုပြေတီဦးနှင့် ရုပ်ဆင်သည့်အသက်(၅နှစ် မှ ၁၂နှစ်) အရွယ် ကလေးသရုပ်ဆောင်စိတ်ဝင်စားမည့်သူများ "ငရဲဆို ချိုနဲ့လား" ယခု ကျွန်မ shareထားသောpage တွင် လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည် ှရှင့်...” ဆိုပြီး ဇူလိုင်(၈)ရက်နေ့က အိန္ဒြာကျော်ဇင် ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : အိန္ဒြာကျော်ဇင်

လာရောက် လျှောက်ထားမယ့် သရုပ်ဆောင် ဝါသနာရှင်တွေကလည်း အဓိက အားဖြင့် မိဘအုပ်ထိန်းသူ လက်မှတ်ပါရမယ်လို့ ဆိုပါတယ်။

 ‘’ကိုယ်ရေးအချက်အလက်များဖြစ်သော အမည်၊ အသက်၊ အရပ်အမြင့်(ပေ၊လက်မဖြင့် အတိုင်းအတာ)၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကို ရေးသားဖေါ်ပြ၍ Facebook page Messenger မှ တိုက်ရိုက်ဆက်သွယ် ပေးပို့နိုင်ပါသည်။ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် ပါဝင်ရပါမည်။ ဆက်သွယ်ရန် Facebook Page : ငရဲဆို ချိုနဲ့လား Email : akaridko@gmail.com Ph.No : +959445273681’’ လို့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။

 Photo : အိန္ဒြာကျော်ဇင်

သုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံး ထုတ်လုပ်ထားတာကတော့ ‘’ရောင်ပြန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကလည်း ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ ဒီထုတ်လုပ်ရေးကနေ ထုတ်လုပ်မယ့် ရုပ်ရှင်ဇာတ်ကားတွေကိုတော့ ပရိသတ်အတွက် ဗဟုသုတ ရစေမယ့်၊ အကျိုးရှိစေမယ့် ဇာတ်ကားတွေကိုသာ စိစစ်ရွေးချယ် ထုတ်လုပ်သွားမယ်လို့ အိန္ဒြာကျော်ဇင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က