တစ်ကားထက် တစ်ကား ပိုပိုပီပြင်လာတယ်တဲ့။
Ei Ei Myat

မိန်းမလျာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ ခင်ပွန်းဖြစ်သူကို အိန္ဒြာကျော်ဇင်က ချီးကျူးလိုက်တာပါ။ ကာရိုက်တာတွေက တစ်ကားထက်တစ်ကား ပိုပိုပီပြင်လာတယ်တဲ့။

 

Photo : အိန္ဒြာကျော်ဇင်

Lady Boy ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပြေတီဦးက မိန်းမလျာ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ရတဲ့ အခန်း အနည်းငယ် ပါဝင်ထားတာတွေ့ရပါတယ်။ ပြေတီဦးပါဝင်ထားတဲ့ Lady Boy ရုပ်ရှင်ဇာတ်ကား Official Trailer ကို ကြည့်ပြီး ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်တစ်ယောက် ခင်ပွန်းကို ချီးကျူးမဆုံး ဖြစ်လို့နေပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Lady Boy Official Trailer ကို Share ရင်းနဲ့ ယခုလို ပြောထားတာပါ။

“ယောက်ျားရယ်... တစ်ကားထက်တစ်ကား ပိုပိုပီပြင်လာသလိုပဲကိုတိုးကြီးနဲ့တော့ တွေ့တော့မယ်” ဆိုပြီး မေလ(၃၀) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေခ့ျ်မှာ ရေးသားထားတာပါ။

ပရိသတ်တွေကလည်း သူမရေးထားတဲ့ ပို့စ်အောက်မှာ ပြေတီဦးရဲ့ ပုံလေးတွေကို Screen Shot ဖမ်းပြီး Photo comment ပေးကာ စနောက်လို့ နေကြပါတယ်။


Lady Boy ရုပ်ရှင်ဇာတ်ကားကြီးဟာ မိန်းမလျာ ဇာတ်ရုပ်ကို ဦးစားပေး ရိုက်ကူးထားတဲ့ ဇာတ်ကားမျိုး မဟုတ်ပါဘူး။ ထိုင်းကို ရောက်သွားတဲ့ လူတစ်ယောက်ရဲ့ ဘာသာစကား နားမလည်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကြားမှာ အဆင်ပြေသလို နေရတဲ့ ပုံစံလေးကို ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တယ်လို့ ဒါရိုက်တာ ကိုပေါက်က ဇာတ်ကား ကန်တော့ပွဲနေ့က ပြောခဲ့ပါတယ်။


LadyBoy ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ(၆) ရက်နေ့ကစပြီး မင်္ဂလာရုပ်ရှင် ရုံကြီးများမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ Ladyboy ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၈ခုနှစ်၊စက်တင်ဘာ လ ၅ ရက်နေ့က စပြီး ထိုင်းနိုင်ငံမှာ ရက် ၂၀ အကြာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကား ထဲမှာ သရုပ်ဆောင် ပြေတီဦး၊ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ဂျိုကာနဲ့ အိချောပိုတို့နဲ့ အတူ ထိုင်းမင်းသမီးလေး ကဒါဖီ ကလည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က