ကလေးငယ်တွေ ကျန်းမာနေပါပြီ။

ချစ်သုဝေဟာ ‘’ခေတ်သစ် ဖောင်ဒေးရှင်း’’ က ကူညီပေးခဲ့တဲ့ ကလေးငယ်တွေကို ကျန်းကျန်းမာမာ တွေ့ရလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာလည်း နှလုံးအပေါက်ပါတဲ့ ကလေးငယ်တွေကိုလည်း အောင်အောင်မြင်မြင် ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်တဲ့။

photo: Chit Thu Wai



ချစ်သုဝေက ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ ဖေဖော်ဝါရီလအတွက် မွေးရာပါ နှလုံးအပေါက်ပါ ကလေးငယ်တွေကို အောင်အောင်မြင်မြင် ခွဲစိတ်ပေးနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူကိုယ်တိုင်ကလည်း ကြည်နူးမိတယ်လို့ ရင်ဖွင့်ပြောပြထားပါတယ်။

‘’ ခွဲစိတ်ရတဲ့ ဆရာဝန်ကြီးတွေရယ် ကလေးမိဘတွေရယ်၊ ပီတိဘယ်လောက်ဖြစ်မလဲ မှန်းဆမရနိုင်ဘူး။ ခေတ်သစ်ဖောင်ဒေးရှင်းက တာဝန်ယူခွဲစိတ်မယ့် လူနာကလေးတွေကို ကိုယ်သွားကြည့်တိုင်း မခွဲခင် ခွဲပြီးစ အခြေအနေကိုမြင်ရရင် ရင်တစ်ထိတ်ထိတ်နဲ့ ပိုးပိုးပေါက်ပါက်ကျလာမယ့်မျက်ရည်တွေကို သိမ်း။ ကားပေါ်ရောက်ရင် ရှုံးပွဲချငိုလိုက်မှ ရင်ထဲပေါ့သွားရတယ်။ ခုလို ကျန်းမာကောင်းမွန်တဲ့ အခြေအနေကိုမြင်ရတာ ရင်ထဲမှာ တအားကိုကြည်နူးကျေနပ်ရတာပဲ။ ခွဲစိတ်ပေးတဲ့ဆရာဝန်ကြီးတွေရော၊ လှူဒါန်းပေးတဲ့ မိတ်ဆွေအလှူရှင်တွေရော ရင်ထဲကနေ ကန်တော့ပါတယ်နော်’’ လို့ မတ်လ ၁၁ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

photo: Chit Thu Wai

အဲဒီနောက် ခွဲစိတ်မှုအောင်မြင်ခဲ့တဲ့ ကလေးတွေအတွက်ကိုလည်း ဝမ်းသာမိတယ်လို့ ချစ်သုဝေက ဆက်လက် ပြောပြထားပါတယ်။ ဒီကလေးငယ်တွေကလည်း အခုဆိုရင် ကျန်းကျန်းမာမာဖြစ်လို့နေပါပြီ။

‘’ခေတ်သစ်ဖောင်ဒေးရှင်းမှ တာဝန်ယူကုသပေးနေသော မွေးရာပါနှလုံးအပေါက်ပါလူနာများအား သွားရောက်သတင်းမေးကာတွေ့ဆုံအားပေးခဲ့ပါသည်။ ဖေဖော်ဝါရီလအတွက် ခေတ်သစ်ဖောင်ဒေး ရှင်းမှ ကူညီပေးခဲ့သည့် မွေးရာပါနှလုံးအပေါက်ပါ ကလေးလူနာများ ကျန်းမာစွာဖြင့် နေထိုင်လျက်ရှိသည်ကိုတွေရသဖြင့် အင်မတန်ဝမ်းမြောက်မိပါသည်’’ ဆိုုပြီးတော့ မတ်လ ၁၁ ရက်နေ့ က ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ညနေ ၃ နာရီကျော်က တင်ခဲ့တာဖြစ်ပါတယ်။ 

photo: Chit Thu Wai

ချစ်သုဝေ နဲ့ လင်းလင်းတို့ရဲ့ သမီးလေး နှစ်ယောက်နာမည်နဲ့ တည်ထောင်ထားတဲ့ ‘’ခေတ်သစ် ဖောင်ဒေးရှင်း’’ မှာ ပါဝင်လှူဒါန်းခဲ့ကြတဲ့ အလှူရှင်တွေကိုလည်း ချစ်သုဝေက ကျေးဇူးတင်စကားပြောပြလာပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းသို့ ယုံကြည်စွာဖြင့် ဝိုင်းဝန်းလှူဒါန်းပေးကြပါသော စေတနာရှင်များအား ကျေးဇူးအထူးတင်ရှိသလို ခွဲစိတ်မှုများအား အောင်မြင်စွာဆောင်ရွက်ပေးပါသော မွေးရာပါနှလုံးခွဲစိတ်ကုသရေး (ရန်ကင်းကလေးဆေးရုံ) အဖွဲ့အား ကျေးဇူးအထူးတင်ရှိပါကြောင်း ခေတ်သစ်ဖောင်ဒေးရှင်းမှ မှတ်တမ်းတင်အပ်ပါသည်’’ လို့ ဆက်လက်ရေးသားခဲ့ပါတယ်။

photo: Chit Thu Wai

‘’ခေတ်သစ်ဖောင်ဒေးရှင်း’’ ကို ၂၀၁၉ခုနှစ်၊ဇန်နဝါရီ(၁၉) ရက်နေ့က ခေတ်နဲ့သစ်တို့ရဲ့ အသက်(၂)နှစ်ပြည့် မွေးနေ့လေးကစလို့ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ “ခေတ်သစ်”ဖောင်ဒေးရှင်းကို (၁၄)နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့်(၇)ခု ခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာအသက်(၅)နှစ်အောက် ကလေးများ အမှန်တကယ်ခွဲ စိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က